အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Wednesday, April 7, 2010

8.4.2010

ဒီ မနက် မိုးလင်းလာတာနဲ့ သတိယတယ် သူ့ကိုလေ။ သူ ခရီးသွားဖြစ်လာ မသိဘူး ဆိုပြီးတော့လေ။ သူ့ ကိုဘယ်ရက် ခရီးထွက်ဖြစ်မလဲလို့ မေးဖို့ မရဲတဲ့ ကိုယ့်အဖြစ်ကိုလည်း အံသြမိတယ်လေ။ သူ့ ရဲ့ personal ကိုစပ်စု သလိုဖြစ် မှာကို စိုးကြောက်လို့ လဲ ပါတယ်။ သူ့ လိုပဲ ကိုယ့်စကားက သူ့ ကိုချည်နှောင်နေမိ မှာကို ကြောက်တယ်လေ။ သူက ဘယ်တော့မှ ကိုယ့်ကိုမချည်နှောင် သလို ကိုယ်လည်း သူ့ ကို ချည်နှောင် မိမှာ ကြောက်နေတယ်လေ။ သူနဲ့ အတူ ရှိနေရတဲ့ အချိန်လေးတွေကို သတိယရင်းနဲ့ပေါ့။ သူ့ ပုံကြည့်ရတာ ကြင်နာပြီး ဂရုစိုက်တတ်တဲ့ပုံ မပေါ်ပေမယ့် သူက သူမတူအောင် ဂရုစိုက်တတ်ပြန်တယ်။ သူက သူများလို ကြွေလောက်တဲ့ စကားလုံးတွေနဲ့ ကြွေမပြတတ်ပေမယ့် သူ ပြောလာတဲ့ စကားတိုင်းက ကိုယ့်ကိုရုန်းထွက်ဖို့ ခက်စေတယ်လေ။ သူနဲ့ အတူ လက်ဖက် ရည်သောက်ပြီး စကားပြောနေရတာတွေ၊ သူနဲ့ အတူတွဲပြီး လမ်းလျှောက်ရတဲ့ အချိန် တွေ ကို သတိယနေမိတယ်လေ။ လက်ဖက်ရည်ဆိုင် ထိုင်တိုင်း အခါးရည် က အစ သူပဲဂရုတစိုက် ငှဲပေးတတ်သလို ၊ တစ်ခုခု စားပြီဆိုလည်း အမြဲကိုယ့်ကိုယ်ပဲဦးစားပေးတတ်တယ်လေ။ သူ့ ရဲ့ ဂရုတစိုက်ဦးစားပေးတတ်မှုလေးတွေကလည်း ကိုယ့်ကို သူ့ နားက နေ ရုန်းထွက်ဖို့ ခက်စေတယ်လေ။ ကိုယ့်ကိုယ်တိုင်လည်း သူ့ နားက နေ ရုန်းမထွက်ချင်တာလည်းပါပါတယ်။ ၅.၄.၂၀၁၀ ရက်နေ့ ကာ သူနဲ့ အတူ တာမွေမှာ ချိန်းပြီး မနက်စာအတူ စားခဲ့ကြတယ်။ သူ့ ရဲ့ ပတ်စပို့ ပုံလေးရိုက်တာ ထိုင်စောင့် ရင်းနဲ့ ပေါ့။ ပြီးတော့ အဓိပတိ အ၀ါ နဲ့ကျောင်းသွားခဲ့ကြတယ်လေ။ သူနဲ့အတူ လိုင်းကားစီးရတာလည်းပျော်ပါတယ်။ ကျောင်းရောက်တော့ ကိုယ့်ရဲ့ဌါန မှာ term paper သွားတင် တယ်လေ။ သူလည်းလိုက်ခဲ့ပေး ရှာပါတယ်။ ပြီးတော့ သူ ကျောင်းအပ်တာ လိုက်သွားတယ်။ ကျောင်း အပ် တဲ့ကိစ္စာ ပြီးတော့ နှစ်ယောက်သား ကျောင်း ကင်တင်း ထိုင်လိုက်တာ ညနေ (၃)နာရီလောက်မှ ကျောင်းက နေ ထွက်ခဲ့တော့တယ်လေ။ ပြီးတော့ ၂၀၅ ကားစီးသွားတော့ အရမ်းပူနေတာနဲ့ ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်မှာစီးပြီး ၂၃၁ အထူး စီးပြီး ဘိုကလေး ဈေးမှာ စီးပြီး နေပြည်တော်ရုပ်၇ှင် ရုံကိုချီတက် ကြတယ်လေ။ လက်မှတ်ဖြတ်ပြီး ကုံးထက် ဆိုင်မှာ ကြက်ဆီထမင်း စားကြတယ်လေ။ အမှန်တော့သူက ကိုယ်က လမ်းဘေး အစားအစာတွေ မစားတတ်တော့ ဆိုင်ကောင်း တွေ ရွေးပြီး ထိုင် စေတယ်လေ။ နောက်မှ သူပြောမှ သိရတယ်လေ။ သူက လမ်းဘေးက အစားအစာတွေ ပိုကြိုက်မှန်း နောက်မှ သိခဲ့ရတယ်လေ။ ကိုယ်က လမ်းဘေးက အစားတွေစား တိုင်း ၀မ်းသွား ကြောင်းပြောတော့ သူ့ အနေနဲ့ လမ်းဘေးမှာ ခေါ်ထိုင် ပြီး ကျွန်မ ကိုကျွေးဖို့ ဘယ်လို လုပ်တော့မလဲနော်။ သူနဲ့ ဆို ဘယ်တော့မှ သူ့ ရဲ့ ဆန္ဒ အမှန်ကိုသိရမှာ မဟုတ်ဘူးသေချာတယ်လေ ။ သူ ကိုယ့်အပေါ် ထားတဲ့ ခံစားချက်ကိုတောင် သူက ကျွန်မ သိအောင် ပြောပြတာ မဟုတ်ဘူးလေ။ အရမ်းလျှို့ ဝှက်ပြီး အမြဲမျို သိပ်တတ်တဲ့ သူပေါ့။ ရုပ်၇ှင် ကြည့်ပြီး နှစ်ယောက် သားလမ်းပတ်လျှောက်လိုက်သေးတယ်။ ရုပ်၇ှင်ရုံမှာ ထိုင် ရတာ ညောင်းလို့ လေ။ ရယ်ရတယ် ။ အဲဒီရက်ကတော့ နှစ်ယောက်သား ချွေးသုတ် ပြိုင်ပွဲ ရေ သောက်ပွဲလုပ်နေရသလို ပါပဲ။ ထင်၇ှုး နဲ့ ရေသန့် ဗူးတော့ကုန် တာမှ ရက်စက်တယ်လေ။ ရယ်နေရတယ်။ ဒါပေမယ့် ပျော်တယ်လေ။ နှစ်ယောက် စလုံး အရမ်းပင်ပန်း ခဲ့ပေမယ့် အရမ်းပျော်ပါတယ်။ သူနဲ့ အမြဲ အဲလို လွတ်လွတ်လပ်လပ် လျှောက်သွားချင် မိတယ်လေ။ ဒါပေမယ့် ဘ၀ဆိုတာ ရှိသေးတော့ စိတ်ဆန္ဒ က နောက်မှ ထားရမှာပဲလေ။ ဘာပဲ ဖြစ်ဖြစ် အဲဒီရက်အတွက်တော့ သူ့ ကို ကျေးဇူးတင်တယ်လေ။ သူ့ ၇ဲ့ကျွန်မ အပေါ် ဂရုစိုက်မှုလေးတွေ ၊ အချိန်ပေးမှုလေးတွေ အတွက်ပေါ့။ သူ ခရီးသွားဖို့ လုပ်ထားတဲ့ ကိစ္စာ အဆင်ပြေဖို့ ဆုတောင်းပေးရအုံးမယ်။ ပြီးတော့ နောက်လည်းကိုယ့်ကို အခုလို အချိန်ပေးနိုင်ဖို့ ဆုတောင်းပေးရအုံးမယ်လေ။
သတိယတယ်..............................သူ့ကိုပေါ့။

No comments:

Post a Comment