အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Saturday, April 24, 2010

24.4.2010

သူ့ ကို သတိယ တဲ့အကြောင်းလေးရေးချင်လွန်းလို့ မနေ့ ညကတည်းက blog ထဲဝင်ဖို့ ကြိုးစားတယ်။ လိုင်းမကောင်းလိုက် blog ထဲဝင်လို့ မရလိုက်နဲ့ ။ မနေ့ က လက်လျော့လိုက်ရတယ်။ ကျေးဇူးတော်ပဲပြောရတော့မယ် ထင်တယ်။ ဒီရက်တော့ blog ထဲဝင်ဖို့ အဆင်ပြေသွားတယ်လေ။
သူကို အလိုလို နေရင်း သတိယနေမိတယ်လေ။ အထူးသဖြင့် လှပ တဲ့ နေ၇ာတွေ ရောက်တိုင်း စားကောင်းတဲ့ အစားအစာတွေ စားဖြစ်တိုင်းပေါ့။ ရူခင်းလှတဲ့နေ၇ာ ရောက်ရင် သူက ဓာတ်ပုံကို ရူထောင့် အမျိုးမျိုးကနေ ရိုက်မှာ သေချာတယ်လေ။ ပြီးတော့ အစားအစာတွေကိုတော့ သူက အရသာခံပြီး စားတတ်တဲ့သူဆိုတော့ သူ့ကိုသတိယမိတယ်လေ။ သူ့ကြောင့် ကျွန်မ တောင် ဟင်းချက်နည်း စာအုပ်တွေ ၀ယ်ပြီးဖတ်နေရတယ်လေ။ သူက အစားတော့ မေ၇ွးပေမယ့် ဆီပြန်ဟင်းလေးတွေ အရမ်းကြိုက်တဲ့သူဆိုတော့လေ။ သူက ကျွန်မ ကို ဟင်းတွေလည်းအရမ်း ချက်တတ်စေချင်တယ်လေ။ အဲဒါကြောင့် အချိန်ရတိုင်း ဟင်းချက်ကောင်းရင် ဘယ်လို ဆိုတာမျိုး သူ ပြောပြတတ်တယ်လေ။ ကျွန်မ က ဆီပြန်ဟင်း လုံးဝ မကြိုက်တဲ့သူဆိုပေမယ့် သူ ကြိုက်တဲ့ ဆီပြန်ဟင်းကို ဘယ်လို ချက်ရလဲ ဆိုတာမျိုးကို ဆိုင်မှာပဲ စားဖြစ်ပါစေ ၊ တခြားသော ဧည့်ခံပွဲမှာပဲ စားဖြစ်ပါစေ အမြဲ သတိထားပြီး ဘာတွေ ထည့်ချက်ထားလဲ ဆိုတာမျိုး ကို မှတ်ဖို့ အမြဲ သတိယနေမိတယ်လေ။ ရယ်ရတယ်နော်။ အချစ် ရဲ့ စွမ်းအားလေးက။ ပြီးတော့ ကျွန်မ ကိုယ်တိုင်ကလည်း အရင်ထက် ဟင်းချက်ကောင်းပြီး ကျွမ်းကျင် တဲ့သူ ဖြစ်ချင်လာမိတယ်လေ။ ဒီတစ်ခေါက် အိမ်ပြန်ရင်တော့ အဖေ့ဆီကနေ သင်ဖို့ ဆုံးဖြတ်ထားတယ်လေ။ သူကတော့ ဘယ်အရာမှ ကျွန်မ ကို မတောင်းဆိုသလို ဘယ်တော့မှ မချုပ်ချယ် တတ်တဲ့သူပေါ့။ ကျွန်မ အကြောင်းဆိုလည်း ကျွန်မ ပြောပြရင် နားထောင် တယ်။ သူမေးတယ်ဆိုတာက တော်တော် ရှားတယ်လေ။ အဲလောက်ထိ သူ ကျွန်မ ရဲ့ personal ကို သူ ၀င်မရှုပ်ဘူးလေ။ အထူးသဖြင့် ကျွန်မက ကျွန်မ ရဲ့ personal လိုက်စပ်စူတာမကြိုက်မှန်း သူသိလို့ လည်း ပါတယ်လေ။ ပြီးတော့ ကျွန်မ က ချစ်သူ ဖြစ်တယ်ဆိုတာ တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် ချုပ်ချယ် ဖို့ မဟုတ်ဘူးဆိုတာကို သူ့ ကိုလည်း ပြောပြခဲ့ဖူးတယ်လေ။ ချစ်သူတွေ ဆိုတာ တစ်ယောက်အားနည်းချက်တစ်ယောက် ပိုပြီးနားလည်ဖို့ လိုတဲ့သူတွေ ပေါ့။ အမှန်တော့ ကျွန်မ က ယောက်ျားလေးတွေ ကို ပြုစုတာတွေ ဘာတွေ ဘာမှ မလုပ်တတ်တဲ့သူပါ။ ဒါကြောင့်လည်း ပါတယ်။ တော်ရုံတန်ရုံယောက်ျားမျိုး က ကျွန်မ နဲ့အကြာကြီးမတွဲ ချင်ခဲ့ကြတာလေ။ အကြင်နာပေးဖို့ နေနေသာသာတစ်ခါ မှ ကိုယ် တွဲခဲ့ဖူးတဲ့သူကို ယုယဖို့ ပြုစုဖို့ မလုပ်ခဲ့မိဘူးလေ။ အခုတော့ သူ့ အပေါ်မှာတော့ အတတ်နိုင်ဆုံး ကြင်နာတတ်အောင်ယုယတတ်အောင်တော့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ဒါပေမယ့် တွဲလာတာ ကြာနေပေမယ့် အခုထိ ဘာမှကို မလုပ်ပေးရသေးဘူးလေ။ သူနဲ့တွေ့ တိုင်းလည်း ထိုင်ဖြစ်တာကလည်း လက်ဖက်ရည်ဆိုင် မဟုတ်ရင် အအေးဆိုင်ဆိုတော့ သူနဲ့လက်ချင်းတွဲလျှောက်မယ်ဆိုလည်း နှစ်ယောက်စလုံးက အဆင်မပြေဘူးလေ။ မနေတတ်တာပေါ့နော်။ အဖြစ်ကတော့ ရယ်နေရတယ်။ အင်း...........သူငယ်ချင်း တွေ တော့ နင့်ကို ချစ်ရင်တော့ ကြောက် ရုပ်ကြီးကို ချစ်ရသလို ပဲ ဖြစ်မှာတဲ့။ မိန်းခလေးဘက်က ကြင်နာပေးတတ်ရမယ်၊ယုယပေးတတ်ရမယ်၊ အဲလို ပဲ ပြုစုပေးတတ်ရမယ် စသဖြင့် သူတို့ကတော့ အားရပါးရ ပြောပြ လည်း တစ်ခါမှ ကိုယ့်ဘက်က စတင်ပြီးကြင်နာယုယပြဖို့  မတွေးမိခဲ့သလို လုပ်မပေးခဲ့မိဘူးလေ။ အင်း ရေးရင်းရေးရင်းနဲ့ တောင် ကာရံတွေ ကတလွဲတွေ ဖြစ်ကုန်ပြီလေ။ အခုလောလော ဆယ်တော့ သူ့ ကိုအရမ်းသတိယနေတယ်။ သူဒီချိန် ဆိုဘာလုပ်နေမလဲ ၊ ဘယ်သူ နဲ့ရှိနေမလဲ၊ စကားပြောနေရင်တောင် မိန်းခလေး လာ ယောက်ျားလေးလာ။ မိန်းခလေး ဆိုရင် ဘာအကြောင်းတွေ ပြောနေကျတာလဲ စသည့်ဖြင့် သူ့ အကြောင်းတွေ တွေးပြီး သူ့ ကိုသတိယနေမိတယ်လေ။ အင်း..........သူမြန်မြန် ပြန်လာစေချင်ပြီလေ။ သူနဲ့ လည်း တွေ့ ချင်ပြီလေ။ သူနဲ့ အတူ လျှောက်လည် ချင်နေမိပြီလေ..............................
သတိယလျက်

No comments:

Post a Comment