ဒီမ နက် ခင်းလေး နိုးလာ ခဲ့ကတည်းက သူ့ ကို သတိယနေမိတယ်လေ။ မနေ့ ညက သူငယ်ချင်း တစ်ယောက်က မြစ်ကြီးနား ဘက် မိုင်း ပေါက် တဲ့အကြောင်း ပြောတော့ သူ့ ကို ချက်ချင်း သတိသွားရမိတယ်လေ။ သူ ဟော အခု ဘယ်ရောက်နေ ပြီလဲ ၊ မြစ်ကြီးနားမှာလာ ၊ ဘူတာအို မှာလာ၊ မသိတော့ပါ။ သူ့ ဆီ က အဆက်အသွယ်မရှိတာ တစ်ပတ် ကျော်နေပြီလေ။ သူ ဘယ်ရောက်နေ ပြီလဲ။ စိတ်ပူနေမိတယ်လေ။ သတိရတိုင်းလည်း ဖုန်းဆက်လို့ မရသလို စာလည်း ရေးလို့ မရ ၊ အဖြစ်ကလည်း နော်။ ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူးလေ။ သူ့က သူ့ အတွက် အရမ်းစိတ်ပူတာတွေ သူ့ ကို အရမ်း ဂရုစိုက်တာတွေ မကြိုက်ပြန် ဘူးလေ။ ဒါကြောင့် ကျွန်မ ဘက်မှာလည်း စိတ်မပူတဲ့ ပုံစံနဲ့ နေတတ်အောင် ဟန်ဆောင် ပြီး နေရတယ်လေ။ သူ့ကို ချစ်နေတဲ့ အချစ် စိတ်ကြောင့် သူ မကြိုက်တာတွေ လည်း မလုပ်မိအောင် အမြဲ ကိုယ့်ဟာကိုယ် control လုပ်နေမိတယ်လေ။ သူကတော့ ထုံးစံ အတိုင်းပဲ ကျွန်မ ကို ဘာလုပ်ပေးပါ ဟိုဟာလုပ်ပေးပါ ဆိုတာ နိုး ဘယ်တော့မှ မတောင်းဆို ဘူးလေ။ ဒါပေမယ့် သူ့ အတွက် အမြဲ သတိယ နေတတ်တဲ့ ကိုယ့်စိတ် အမြဲ သူ့ အတွက် စိတ်ပူ ပေးနေတတ်တဲ့ ကိုယ့်စိတ်၊ သူ့ အတွက် အမြဲ ဆုတောင်းပေးနေတတ်တဲ့ စိတ်၊ သူ့ အတွက် အမြဲ ပေးဆပ်ဖို့ တွေးနေတတ်တဲ့ ကိုယ့်စိတ်လေး အင်း.........သူ မ၇ှိရင် မဖြစ်တဲ့ ကိုယ့်စိတ်လေး................." ကို့ ကို သိပ် ဂရုစိုက်တာ မကြိုက်ဘူး ညီမ ရေ" လို့ သူ ပြောခဲ့ပေမယ့် ဂရုစိုက်ချင်နေမိတယ်လေ။ဟား........ရယ်ရတယ်နော်။
သူကို အမြဲသဘောကျလိမ့် ရှိတာက သူနဲ့ တွေ့ တိုင်း ကိုယ့်ဘက် က ဂရုမစိုက် ရပဲ သူ ကြီးပဲ ကိုယ့်ကို ဂရုစိုက်နေတတ်တယ်လေ။ နေပူထဲ လမ်းလျှောက် တိုင်း သူ အနားမှာ ထီးမိုးပေးခဲ့တာတွေ ၊ သူနဲ့ ယှဉ် လျှောက်တိုင်း သူ က အရပ် တိုင်း တတ်တဲ့ဟာတွေ ၊ အမြဲ စိတ်ရှည်ရှည်နဲ့ အိမ်ထိ လိုက်ပို့ တတ်တဲ့သူ့ အကျင့်လေးတွေ ၊အင်း.........အားလုံးက သတိယ စရာတွေ ကြီးပါပဲလာ။ သူနဲ့ စကားပြောတိုင်း သူအနားမှာပဲ နေချင်အောင် ဆွဲဆောင်မှု ရှိရှိနဲ့ စကားကို ဆက်စပ်မှု ရှိ၇ှိ ပြောတတ်တယ်လေ။ ပြီးတော့ သွားပေါ်အောင် ရယ်ရင် အရမ်း ကြည့်ကောင်းတဲ့ သူ့ ရဲ့ရယ်သံလေး။ အင်း............တစ်ခုခု ဆို အမြဲ ဒိုင်ခံ ငြင်း ရင်းနဲ့ .......အင်း ပျော်စရာပါပဲလေ။အင်း........သတိယတယ်။ သူနဲ့ အတူ ရှိခဲ့တဲ့ အချိန်တွေ က နည်းခဲ့ပေမယ့် သူနဲ့အတူ နေခဲ့ရတဲ့ အချိန်အားလုံးကို တန်ဘိုးထားသလို သတိယနေမိတယ်လေ။ အင်း........သူ အဆင်ပြေဖို့ ဆုတောင်းပေးရအုံးမယ်လေ။.............................
အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း
ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Monday, April 26, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment