အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Tuesday, April 20, 2010

20.4.2010

မနေ့ က နေ့ လည် 12 လောက်မှ ပုသိမ်ကနေ ရန်ကုန် ပြန်ေ၇ာက်တယ်လေ။ သူ ကျွန်မ ဆီ စာပို့ ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်လေ........အဲဒါဆိုရင်တော့ ကျွန်မ ခရီးပင်ပန်းခဲ့တာအားလုံး အမော ပြေသွားမှာ သေချာတယ်လေ။ တကယ်ပါပဲ ကားဂိတ် ကနေ လိုင်းကားစီး ပြီးပြန်လာတော့ အိမ်ကို 2နာရီလောက်မှပဲေ၇ာက်ဖြစ်ခဲ့တယ်။ ထမင်းမြန်မြန် စားပြီး မေးလ် ချက်ဖို့ ကျွန်မ စိတ်က အရမ်းထက်သန်နေခဲ့တယ်လေ။ သူ့ ဆီက စာ ရောက်နေပါစေ ဆိုတာလည်း စိတ်ထဲမှာ အကြိမ် ကြိမ် အခါခါ တောင့်တ နေမိတယ်လေ။ အ၀တ်အစားလည်း ကျွန်မ မှာ မလဲနိုင်ခဲ့ပါဘူး။ မေးလ် ချက်ဖို့ ကျွန်မ ရဲ့ ခြေလှမ်း က net ဆိုင်ကိုပဲ ဦးတည်နေခဲ့တယ်လေ။ အဲလို ပဲ မေးလ် ချက်ဖို့ ကျွန်မ ရဲ့ လက်ချောင်းလေး တွေက သွက်လက် နေတော့တာပါပဲ။ ကျွန်မ g-talk ဖွင့်လိုက်တာနဲ့ ချက်ချင်း ကျလာတဲ့ သူ့ ရဲ့ message လေးကြောင့် သူ့ ရဲ့ အကောင့်လေးကြောင့် ကျွန်မ မှ ပြောမပြတတ်အောင်ပါပဲ ။ အရမ်းလည်းပျော်သွားတယ်လေ ။ ပြီးတော့ သူ့ ကိုလည်း အရမ်း ကျေးဇူးတင်တယ်လေ။ သူ့ ရဲ့ သတိတယ ကျွန်မ ကို စာပို့ ထားလို့ လေ။ ပြီးတော့ သူ့ ရဲ့ သတိယ နေပါတယ် ဆိုတဲ့ အပြောလေး ကြောင့် ပိုပြီး ကျေးဇူးတင်သလို ၊ သူ့ ရဲ့ သတိယတိုင်း ဆုတောင်းပေးနေတယ် ဆိုတာကြောင့် ပိုပြီး ကျေးဇူးတင် မိတယ်လေ။ အထူးသဖြင့် သူ့ ရဲ့ စကားတစ်ခွန်းလေး......ညီမေ၇ ဘယ်ေ၇ာက်နေပြီလဲ တဲ့။ ဘယ်လောက်ထိ များ ကြည်နူးစရာကောင်းလေ မလဲနော်။ အဲဒီစကားတစ်ခွန်း ဟာ ကျွန်မ ကို တော်တော် ပျော်သွားစေတယ်။ သူ့ အနားကို ပြေးသွားချင်စိတ်ကို ဖြစ်ပေါ် စေတယ်လေ။ အခု ကိုနောင်းနောင် နားမှာ ညီမေ၇ာက်နေတယ်လေ။ ကိုနောင်းနောင် နားမှာ ညီမ ရှိနေပြီလေ လို့ အားရပါးရ သူ့ နားမှာနေပြီး ပြောချင်မိတယ်လေ။ တကယ်ပါ သူ့ ရဲ့ နွေးထွေး တဲ့ စာလေး တွေ မဖတ် ရတာတောင် တော်တော် ကြာခဲ့ပြီလေ။ သူ့ ရဲ့အလုပ် မအားလပ် မှုတွေကြောင့်ပေါ့။ သူ့ ကို အလုပ်လည်း လုပ်စေချင်တယ်။ ပြီးတော့ အလုပ်လည်းမလုပ်စေချင်ဘူးလေ။ သူ့ အလုပ်က အရမ်းလူကို ပင်ပန်းစေတယ်လေ။ ပြီးတော့ အချိန် ကလည်း အကန့် အသတ် မ၇ှိဘူးလေ။ အဲဒါက အဆိုးဆုံးပဲလေ။ သူ့ ကို တွေ့ ချင်တဲ့အချိန်လေးတွေ သူ့ နဲ့ အတူ လျှောက်သွားချင်တဲ့ အချိန်လေးတွေ သူ့ နားမှာ ကိုယ် ရှိနေချင်တဲ့ အချိန်လေးတွေ ကို ဖန်တီးလို့ မ၇ဘူးလေ။ သူ့ ရဲ့  အချိန် အကန့် အသတ် မ၇ှိတဲ့ အလုပ်ကြောင့်ပေါ့။ သူ့ ကို personal အချိန်တွေ ရှိစေချင်ခဲ့မိတယ်။ သူ့ မိသားစု ကိုလည်း သူ အချိန်ပေးနိုင် ပြီး ကျွန်မ အတွက်လည်း အချိန်ပေးနိုင်တဲ့ ချစ်သူ တစ်ယောက် ဖြစ်စေချင်ခဲ့မိတယ်လေ။ ဒါပေမယ့် အခုမှ ဘ၀အတွက် ကြိုးစားနေတဲ့သူ့ ကို အဲဒီအလုပ် မလုပ်ရင်ကောင်းမယ် လို့  ပြောရအောင်လည်း မရဲ ပြန်ဘူးလေ။ ပြီးတော့ လူက အလုပ်မ၇ှိပြန်ရင် စိတ်ဓာတ်တွေက ပျက်စီးလာတယ်လေ။ စိတ်ဓာတ်ကျလာသလို လူက ကြာလာရင် ဘာမှ မလုပ်ချင်တော့သလို။ ဘာလုပ်ရမှန်း မသိအောင်ဖြစ်သွားတတ်တယ်လေ။ အဲလို လည်း သူ့ ကို မဖြစ်စေ ချင်ဘူးလေ။ သူလုပ်ချင်တဲ့ အလုပ်တွေ သူဖြစ်ချင်တဲ့ဟာတွေ ဖြစ်ခိုင်းစေချင်သလို လုပ်စေချင်မိတယ်လေ။ သူ လုပ်တဲ့အ၇ာတိုင်းကို အကြံဥာဏ် ပေးပြီး အားပေးရင်း သူ့ အနားမှာပဲ နေချင်မိတယ်လေ။ အင်း.............ဘာပဲဖြစ်ဖြစ် သူ့ ကိုတော့ အရမ်းကျေးဇူးတင်နေမိတယ်လေ။ သူ့ ရဲ့ တိုတောင်းလှ တဲ့ စာကြောင့် ကျွန်မ မှ ပျော်နေရသလို အရာအားလုံးကို ရင်ဆိုင်ဖို့ အားရှိသွားသလိုပါပဲ။ သူ အခုဘူတာအို မှာ ပျော်နေလောက်ပြီ။ သူ့ ခရီး အဆင်ပြေဖို့ ပျော်ရွှင်ဖို့ ဆုတောင်းပေးရအုံးမယ်။ သူ့ အတွက် ဘယ်ချိန်ပဲ ဆုတောင်းရ ဆုတောင်းရ မမောနိုင်ရှာတဲ့ ကျွန်မ အဖြစ်ကလည်း ရယ်ရတယ်။ ဘာပဲဖြစ်ဖြစ်လေ သူ့ နားမှာ နေရတာ ကျွန်မ ပျော်နေမိတယ်။ ကျေနပ်မိတယ်။ သူ ကျွန်မ အတွက် ဘာမှ မလုပ်ပေးရင်တောင် ပေါ့နော်။ သူ့ ရဲ့စာတစ်ကြောင်းလေးတောင် ကျွန်မ အတွက် အားဆေး ဖြစ်နေတယ် ဆိုတော့ သူ ကျွန်မ နားမှာ ရှိနေရင်တော့ ကျွန်မ အတွက် အရာရာ ပြည့်စုံ သွားမှာပဲလို့ တွေးမိတယ်လေ။.................အဲဒါအတွေးလေးတွေကို .................ဘယ်တော့မှ မပျောက်ပျက်ချင်ဘူး..........အမြဲ တမ်း ဘယ်အခြေအနေ ရောက်ရောက် ဆန်းသစ် ချင်နေမိတယ်လေ...............................................................။ သူနဲ့ ပတ်သက် ပြီး နောက်ထပ် ရင်ဆိုင်လာရမဲ့ အခက်ခဲတွေ အားလုံးကို သူ့ ကို ချစ်တဲ့ စိတ် နဲ့ ရင်ဆိုင် ဖို့ ဆုံးဖြတ်ထားတယ်လေ။ သူနားမှာ ရှိနေခွင့်ရတဲ့ အချိန်ထိ သူ့ နားမှာ နေမယ်........................................လို့ ဆုံးဖြတ်ရင်း............................................................................
သတိယပေါင်း များစွာဖြင့်
ဘူးဆော

No comments:

Post a Comment