သူ့ အကြောင်းလေး မရေးဖြစ်တာလည်း တော်တော် ကြာခဲ့ပါပြီ။ သူ့ ကိုမေ့နေလို့ လာ ဆိုရင်တော့ နိုး လို့ ပဲဖြေမှာပါ။ လာလို့ လဲဆိုတော့ သူ က ကျွန်မ ကို သတိယ ဖို့ အားချင်မှ အားပေမယ့် ကျွန်မ က သူ့ ကို အချိန်နဲ့ အမျှ သတိယနေခဲ့တယ်လေ။ ဒါတွေ ကို သူ သိချင်မှ သိနေမှာပါ။ ဒါပေမယ့် အေ၇းမကြီးတော့ပါဘူး။ အဲဒါအရာတွေ ကပေါ့။ သူ့ အတွက် ကျွန်မ က အရေးမကြီးပါဘူး။ ကျွန်မကောင်းကောင်း ကြီးသိနေရပေမယ့် သူနားမှာနေချင်နေသေးတဲ့ ကျွန်မ ရဲ့ စိတ်ကိုလည်း အံသြနေမိတယ်လေ။ ကျွန်မ သူငယ်ချင်း ပြောသလို ကျွန်မ တော့ ရူးနေပြီလေ အချစ်ရူးရူးနေတယ်လေ။ သူ့ ဘ၀အတွက်ကျွန်မ မလို ခဲ့ပါဘူး ။ တကယ်တမ်းတော့ ဒါပေမယ့် သူ့ အတွက် ဆုတောင်းပေးနေမိတဲ့ ကျွန်မ ရဲ့ ဆုတောင်းချက်လေး။ မရိုးပဲ ဆန်းသစ်နေတယ်လေ။
အင်း.............အချစ်အောက်မှာပဲ ကျရှုံးနေတော့မှာပဲ။ သူ့ ကိုအရမ်းသတိယတယ် လွမ်းတယ်။ ချစ်နေမိတယ်
သူ သိအောင် လည်း ဖွင့်မပြောချင်တော့ဘူးလေ။ သူ သိနေမှာပါ။ သူ့ ကိုသတိယ နေတဲ့သူရှိတယ် ဆိုတာကိုပေါ့။
ထားလိုက်ပါတော့လေ။ အချစ်စစ်ကြောင့် ရပ်တည်ခဲ့ရတဲ့ နေ့ ရက်များ................ဆိုတဲ့ blog လေးကိုတော့ ဆက်ရေးနေအုံးမှာပါ။
ဘာပဲဖြစ်ဖြစ်ပေါ့။
အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း
ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Tuesday, March 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment