အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Wednesday, December 30, 2009

31.12.2009

တစ်ခါတစ်လေ အချစ်ဆိုတဲ့အ၇ာကို definition ဖွင့်ပါဆိုရင်တော့ ခက်လိမ့်မယ်။
ဘာဖြစ်လို့ လဲဆိုတော့ အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ထားသလိုပါပဲ။
အချစ်မှာ နားလည် ပေးဆပ်နိုင်လေ ကောင်းလေ ပဲ မဟုတ်ရင်တော့ အချစ်ဆိုတာနဲ့ အဝေးကြီးနေရလိမ့်မယ်လေ။
ကျွန်မ ဟော သူ့ အပေါ် ဘယ်လိုသဘောထားပြီး ချစ်နေမိလဲဆိုတာ မသိအောင်ပဲလေ။
ဘာလို့ လဲဆိုတော့ ကျွန်မ တို့ နှစ်ယောက် စလုံးက တစ်ယောက်နဲ့ တစ်ယောက်က နားလည် ပြီး ပေးဆပ်နေကြတာလေ။ တစ်ယောက်နဲ့ တစ်ယောက်မသိအောင်ပေါ့။
ဒါပေမယ့် ပြန်တွေးကြည့်တော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးမှုဆိုတာလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် အပြင်မှာတွေ့ ဖို့ နှစ်ယောက်စလုံးဘာလို့ အချိန်မပေးခဲ့ကြလဲဆိုတာပါပဲ။
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး စကားမပြောရဲ လို့ လာ ဆိုတာလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် သူ ကျွန်မေ၇ှ့ ထိုင်နေရင်တော့ ကျွန်မ ဆွံအ သွားမြဲပဲလေ။ ပြောဖို့ ပြင်ထားတဲ့စကားလုံးတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားစရာမြဲပဲလေ။
ကျွန်မ သူငယ်ချင်းက ကျွန်မ သူ့ ကိုရူးတယ် ကိစ္စာနဲ့ ပတ်သက် ပြီး အားလုံးကကျွန်မ ဘက်ကနေ ခံပြင်းနေကြတယ်လေ။
ဘာလို့ သူ့ ကို ဒီလောက်ထိနားလည်ပေးနေတာလဲတဲ့။
ကျွန်မ သူ့ ကိုချစ်တာ ပေးဆပ်ဖို့ ပဲလို့ ကျွန်မ ထင်တယ်လေ။
ကျွန်မ သူ့ ကိုချစ်တယ် ။ ဒါကြောင့် ရိုးရိုးလေးပဲ သူ့ အတွက် ပေးဆပ်ချင်တယ်။
သူနားမှာ နေခွင့်ရတဲ့အချိန်ထိ နေချင်တယ်။
သူလိုအပ်ချိန်ထိပေါ့။
ဘ၀မှာ တစ်ယောက်သူ ကို ပေးဆပ်နေရတဲ့ဘ၀ ဟာ တော်တော်ပျော်ဖို့ ကောင်းပါတယ်။
ကိုယ်ပေးဆပ်နေတာ သူ မသိပေမဲ့ ကိုယ်ပျော်နေတယ်လေ။
သူအဆင်ပြေရင် ဘေးကနေ ၀ိုင်းပျော်နေရတာတို့ 
သူစိတ်ညစ်နေရင် လိုက်မျှဝေ ခံစားပေးနေရတာတို့ 
အဲလိုမျိုးနေနေရပေမဲ့ ကျွန်မ ပျော်နေတယ်လေ။
တော်တော် အချစ်ရူးလေးပဲလို့ ပြောရရင်လဲ ခံရမှာပဲ။
ဘာလို့ လဲ ဆိုတော့ ကျွန်မ က အချစ်ကြီး ပြီး အစွဲအလမ်းကြီးလို့ ပဲ။
ဒါပေမယ့် အမျက်တော့ မကြီးဘူးထင်တာပဲ။
ဘာလို့ လဲဆိုတော့ သူ့ အတွက် ပေးဆပ်ဖို့ သူ တစ်ခုမှမတောင်းဆိုခဲ့ဖူးဘူးလေ။
အဲဒါကြောင့်လဲပါပါတယ်လေ။
ဒီရက် သူကျွန်မ နဲ့လာတွေ့ နိုင်ဖို့ ဆုတောင်းရအုံးမယ်
သူ အချိန်အားဖို့ ပေါ့
သူက အခုတလော ကျန်တဲ့ရက်တွေ ထက် ပိုပြီးအလုပ်ရှုပ်နေတယ်လေ။
ဒါတွေကို ကျွန်မ က နားလည်တယ်။
ဒီည ကျွန်မ က သူအလုပ်ရှိမယ်ထင်လို့ သူငယ်ချင်းတွေ နဲ့ ဘုရားကျောင်းသွားဖို့ ချိန်းလိုက်မှပဲ
သူက အလုပ်နားမယ်ဆိုပဲ ။
ဘယ်လောက်ထိ စိတ်တိုစရာကောင်းတဲ့ အဖြစ်ပါလဲ
ဘာလို့ လဲဆိုတော့
နှစ်သစ်ကို သူနဲ့ အတူ ၀ိုင်လေးသောက်ပြီး ကြို မယ်လို့ တွေးထားခဲ့တာ
အခုတော့ စိတ်ကူးခဲ့တဲ့ ဟာတွေ လွဲကုန်ပြီလေ။
တစ်ခါတစ်လေ က အမြဲလို ဖြစ်နေတော့ ဒီနေ့ လည် သူနဲ့ တွေ့ ဖို့ ချိန်းထားတယ်လေ
သူအားရင်ပေါ့
အခု သူ ရဲ့ စာကို မျှော်နေတယ်လေ။
သူအခုလောက်ဆိုရင်တော့ အိပ်ရာထ နေလောက်ပါပြီလေ
သူရဲ့ အိပ်ရာထ ချိန်က အခု ချိန်ဆိုတာ ကျွန်မသိနေတယ်လေ။
ကျွန်မ ဒီချိန် သူတို့ အိမ်သွားတိုင်း သူထနေကျဆိုတော့လေ
ပြီးတော့ သူကိုယ်တိုင်လည်း သူ့ အကြောင်းပြောပြလိမ့်ရှိတယ်လေ။
သူကျွန်မ ကို အခုထက်မက အချိန်ပေးနိုင်ဖို့ မျှော်လင့်နေမိတယ်လေ။............................

No comments:

Post a Comment