အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Wednesday, December 30, 2009

31.12.2009

တစ်ခါတစ်လေ အချစ်ဆိုတဲ့အ၇ာကို definition ဖွင့်ပါဆိုရင်တော့ ခက်လိမ့်မယ်။
ဘာဖြစ်လို့ လဲဆိုတော့ အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ထားသလိုပါပဲ။
အချစ်မှာ နားလည် ပေးဆပ်နိုင်လေ ကောင်းလေ ပဲ မဟုတ်ရင်တော့ အချစ်ဆိုတာနဲ့ အဝေးကြီးနေရလိမ့်မယ်လေ။
ကျွန်မ ဟော သူ့ အပေါ် ဘယ်လိုသဘောထားပြီး ချစ်နေမိလဲဆိုတာ မသိအောင်ပဲလေ။
ဘာလို့ လဲဆိုတော့ ကျွန်မ တို့ နှစ်ယောက် စလုံးက တစ်ယောက်နဲ့ တစ်ယောက်က နားလည် ပြီး ပေးဆပ်နေကြတာလေ။ တစ်ယောက်နဲ့ တစ်ယောက်မသိအောင်ပေါ့။
ဒါပေမယ့် ပြန်တွေးကြည့်တော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးမှုဆိုတာလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် အပြင်မှာတွေ့ ဖို့ နှစ်ယောက်စလုံးဘာလို့ အချိန်မပေးခဲ့ကြလဲဆိုတာပါပဲ။
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး စကားမပြောရဲ လို့ လာ ဆိုတာလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် သူ ကျွန်မေ၇ှ့ ထိုင်နေရင်တော့ ကျွန်မ ဆွံအ သွားမြဲပဲလေ။ ပြောဖို့ ပြင်ထားတဲ့စကားလုံးတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားစရာမြဲပဲလေ။
ကျွန်မ သူငယ်ချင်းက ကျွန်မ သူ့ ကိုရူးတယ် ကိစ္စာနဲ့ ပတ်သက် ပြီး အားလုံးကကျွန်မ ဘက်ကနေ ခံပြင်းနေကြတယ်လေ။
ဘာလို့ သူ့ ကို ဒီလောက်ထိနားလည်ပေးနေတာလဲတဲ့။
ကျွန်မ သူ့ ကိုချစ်တာ ပေးဆပ်ဖို့ ပဲလို့ ကျွန်မ ထင်တယ်လေ။
ကျွန်မ သူ့ ကိုချစ်တယ် ။ ဒါကြောင့် ရိုးရိုးလေးပဲ သူ့ အတွက် ပေးဆပ်ချင်တယ်။
သူနားမှာ နေခွင့်ရတဲ့အချိန်ထိ နေချင်တယ်။
သူလိုအပ်ချိန်ထိပေါ့။
ဘ၀မှာ တစ်ယောက်သူ ကို ပေးဆပ်နေရတဲ့ဘ၀ ဟာ တော်တော်ပျော်ဖို့ ကောင်းပါတယ်။
ကိုယ်ပေးဆပ်နေတာ သူ မသိပေမဲ့ ကိုယ်ပျော်နေတယ်လေ။
သူအဆင်ပြေရင် ဘေးကနေ ၀ိုင်းပျော်နေရတာတို့ 
သူစိတ်ညစ်နေရင် လိုက်မျှဝေ ခံစားပေးနေရတာတို့ 
အဲလိုမျိုးနေနေရပေမဲ့ ကျွန်မ ပျော်နေတယ်လေ။
တော်တော် အချစ်ရူးလေးပဲလို့ ပြောရရင်လဲ ခံရမှာပဲ။
ဘာလို့ လဲ ဆိုတော့ ကျွန်မ က အချစ်ကြီး ပြီး အစွဲအလမ်းကြီးလို့ ပဲ။
ဒါပေမယ့် အမျက်တော့ မကြီးဘူးထင်တာပဲ။
ဘာလို့ လဲဆိုတော့ သူ့ အတွက် ပေးဆပ်ဖို့ သူ တစ်ခုမှမတောင်းဆိုခဲ့ဖူးဘူးလေ။
အဲဒါကြောင့်လဲပါပါတယ်လေ။
ဒီရက် သူကျွန်မ နဲ့လာတွေ့ နိုင်ဖို့ ဆုတောင်းရအုံးမယ်
သူ အချိန်အားဖို့ ပေါ့
သူက အခုတလော ကျန်တဲ့ရက်တွေ ထက် ပိုပြီးအလုပ်ရှုပ်နေတယ်လေ။
ဒါတွေကို ကျွန်မ က နားလည်တယ်။
ဒီည ကျွန်မ က သူအလုပ်ရှိမယ်ထင်လို့ သူငယ်ချင်းတွေ နဲ့ ဘုရားကျောင်းသွားဖို့ ချိန်းလိုက်မှပဲ
သူက အလုပ်နားမယ်ဆိုပဲ ။
ဘယ်လောက်ထိ စိတ်တိုစရာကောင်းတဲ့ အဖြစ်ပါလဲ
ဘာလို့ လဲဆိုတော့
နှစ်သစ်ကို သူနဲ့ အတူ ၀ိုင်လေးသောက်ပြီး ကြို မယ်လို့ တွေးထားခဲ့တာ
အခုတော့ စိတ်ကူးခဲ့တဲ့ ဟာတွေ လွဲကုန်ပြီလေ။
တစ်ခါတစ်လေ က အမြဲလို ဖြစ်နေတော့ ဒီနေ့ လည် သူနဲ့ တွေ့ ဖို့ ချိန်းထားတယ်လေ
သူအားရင်ပေါ့
အခု သူ ရဲ့ စာကို မျှော်နေတယ်လေ။
သူအခုလောက်ဆိုရင်တော့ အိပ်ရာထ နေလောက်ပါပြီလေ
သူရဲ့ အိပ်ရာထ ချိန်က အခု ချိန်ဆိုတာ ကျွန်မသိနေတယ်လေ။
ကျွန်မ ဒီချိန် သူတို့ အိမ်သွားတိုင်း သူထနေကျဆိုတော့လေ
ပြီးတော့ သူကိုယ်တိုင်လည်း သူ့ အကြောင်းပြောပြလိမ့်ရှိတယ်လေ။
သူကျွန်မ ကို အခုထက်မက အချိန်ပေးနိုင်ဖို့ မျှော်လင့်နေမိတယ်လေ။............................

Wednesday, December 23, 2009

24.12.2009

အရမ်းခံစားနေရတယ်။ သူ က ပြောတယ် သံယောဇဉ်ရှိတဲ့သူငယ်ချင်းနဲ့ ချစ်သူနဲ့ေ၇ွးလာခိုင်းရင် သံယောဇဉ်ရှိတဲ့ သူငယ်ချင်းကိုပဲ သူရွေးမယ်တဲ့။ သူ ကိုယ့်အပေါ် ဘယ်လိုသဘောထားမှန်း ကိုယ်သိသွားပြီလေ။ကိုယ့်အတွက် ဘာမှ မစွန့် စားရဲတဲ့ ကိုယ့်အတွက်အချိန်မပေးနိုင်တဲ့ ကိုယ့်အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ ချစ်သူ ဆိုပြီး တစ်ခါတစ်လေ စိတ်ကောက်လိုက်ချင်မိတယ်။ ဒါပေမယ့် စိတ်က လုံးဝ ကောက်လို့ မ၇ဘူးဖြစ်နေတယ်လေ။
အဲဒါကြောင့် ကိုယ့်စိတ်ကို မုန်းတယ်။ ကိုယ်ချစ်သလောက် ကိုယ့်ကိုယ် မချစ်မှန်းသိရဲ့ နဲ့ ဘာလို့ ဒီလောက် သူ့ ကိုခင်တွယ် ခဲ့မိမှန်းကိုယ့်ကိုယ်ကို တောင် မသိအောင်ပါပဲ။ သူ့ ကိုချစ်မိလို့ နောင်တရနေမိလာ ဆိုလည်း မဟုတ်ပြန်ဘူး ။ သူ့ ကိုချစ်မိလို့ ကိုယ့်ဘ၀ မှာ ပြည့်စုံခြင်းဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့ရတာလေ။ ဘယ်လိုနည်းနဲ့မှ သူ့ ကိုမုန်းလို့ မ၇တာ အမှန်ပဲ။ ဒါပေမယ့် တချိန်ချိန်မှာ သူ့ ကိုနားလည် နိုင်မဲ့ စွမ်းအားတွေကုန်သွားခဲ့ရင်တော့ မပြောတတ်ဘူး။ ဘာလို့ လဲဆိုတော့ ကျွန်မ က အတိုင်းအတာ တစ်ခုထိပဲ အမြဲ limit ထားလိမ့် ရှိလို့ ပဲ။

Thursday, December 17, 2009

သူ့ အတွက် blog မရေးရတာလည်း ကြာပြီလေ။ ရန်ကုန်ေ၇ာက်တာ ကြာနေပေမဲ့ သူနဲ့ က အခုထိ မတွေ့ သေးဘူးလေ။
တော်တော် နှစ်ယောက်သား ပတ်ရှုပ်နေတယ်လေ။ ရယ်တော့ရယ်ရတယ်။ ဒီကြားထဲမှာနှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် နားလည် လိုက် ပေးဆပ်လိုက်နဲ့ လေ။
ပျော်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာကြီးတော့ စိတ်ခံစားရတယ်။ သူလဲ ကိုယ့်လိုပဲ ခံစားနေမိတယ်တဲ့လေ။ နှစ်ယောက်သား မပွင့်မလင်းနဲ့ တစ်ယောက်ကို တစ်ယောက် အသေ ပေးဆပ်နေကြ တာလေ။ သူကလည်း ကိုယ့်ကို လာမတွေ့ ရဲ ကိုယ့်ကိုလည်း သူမအားမှာစိုး။ နှစ်ယောက်သားပတ်ရှုပ်နေတဲ့ ချစ်သူ စုံတွဲလေးပေါ့နော်။ အသိုင်းအ၀ိုင်းကိုရင်ဆိုင်ဖို့ ကြောက်ရွှံနေမယ်လို့ ထင်ခဲ့ပေမယ့် ကျွန်မ ကတော့ ထင်ထားတာထက် သတ္တိပိုရှိနေမိတယ်လေ။ သူ့ အသိုင်းအ၀ိုင်းနဲ့ လည်း အေးအေးဆေးဆေး ရင်ဆိုင်ရဲခဲ့တယ်။ ဒီလိုပဲ သူနဲ့ တွေ့ ဖို့ ပြောထားတဲ့ ရက်နီးလာပြီ ကျွန်မကတော့ ရင်ဆိုင်ဖို့ အသင့်ပဲလေ။ ရင်တော့ ခုန်တယ်။ ကိုယ့်အရမ်းချစ်နေရတဲ့ ကိုယ့်ချစ်သူလေးနဲ့ တွေ့ ဖို့ ပေါ့နော်။ ကျွန်မ က သူနဲ့ ယှဉ်လျှောက်ဖို့ တွေးလိုက်မိတိုင်း ရင်ထဲမှာ ကြည်နူးလို့ မဆုံးနိုင်အောင်ပါပဲ။ သြော် ရင်ခုန်လို့ သေသွားနိုင်တယ် ထင်တာပါပဲ။ အခုတော့ဒီလောက်ပါပဲ။ အလုပ်ရှိသေးတာနဲ့ ဒီမှာပဲ stop လိုက်တော့မယ် ။

Saturday, December 5, 2009

5.12.2009

သူ့ အကြောင်းလေး မရေးဖြစ်တာလည်းကြာတော့ အရမ်းေ၇းချင်တဲ့စိတ်တွေ ကို ထိန်းချုပ်မရလို့ blog ဖွင့်လို့ ရမဲ့ inernet ဆိုင်တွေ လိုက်ရှာရတာလည်းမောပ ။
ဒါပေမယ့် သူ့ အကြောင်းလေးတွေးနေရရုံနဲ့ ကျေနပ်တတ်တဲ့ ကျွန်မ အတွက်တော့ သူ့ အတွက် ဘာပဲလုပ်ရလုပ်ရ ပျော်နေတယ်လေ။
သူ့ ကို သတိယနေတဲ့အကြောင်းလေး ရေးပို့ လိုက်တော့ သူ က ပြန်ရေးလာတယ်လေ။
သူ့ ကို သတိယပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ။
ကျွန်မ လည်း သူ့ လို ပဲ ကျွန်မ ကို သတိရပေးတဲ့ အတွက် သူ့ ကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိအောင်ပါပဲ။ သူပြောသလို သူနဲ့ တွေ့ ရမဲ့ ရက်နီးလေ ရင်တွေပို ပြီးခုန်မြန်နေသလို ပါပဲ။
အရင်တုန်းက သူ့ ကို သူငယ်ချင်းရဲ့ အစ်ကို တစ်ယောက်အနေနဲ့ အပြင်မှာတွေ့ ခဲ့ ကြပေမယ့် အခုတော့ ကိုယ့်အရမ်း ချစ်နေမိတဲ့ ချစ်သူ တစ်ယောက် အနေနဲ့ တွေ့ ရတော့မယ် လေ။
ဘယ်လောက်ထိများ ကြည်နူးစရာကောင်းပြီး ရင်ခုန်စရာကောင်းလေ မလေနော်။
ဘာပဲ ဖြစ်ဖြစ်လေ သူနဲ့ တွေ့ ချင်တာတော့ အမှန်ပဲ။
ညအိပ်ရာ ၀င်ဖို့ တွေးမိလေတိုင်း သူ့ အကြောင်းလေး တွေးဖို့ အလိုလို ရောက်ရောက်သွားတယ်လေ
သြော် စိတ်ဆိုတာက ထိန်းချုပ်ရအခက်ဆုံးထဲမှာပါတယ်ဆိုတာ ကျွန်မ ငြင်းလို့ မရတော့တာ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် mdy ရဲ့ ဆောင်းည ဒဏ်နဲ့ အတူ သူ့ ကိုလွမ်းနေမိတယ်။

Friday, November 27, 2009

28.11.09

ပျင်းရိ ခြောက်ကပ်နေ သူ ကိုယ့်နားမရှိချိန်
သူဘယ်ချိန် လာလေ မလဲ အလိုလို မျှော်နေတတ်တဲ့ ကိုယ့်စိတ်တွေ
နှစ်သိမ့်ဖို့ ရန်ခက်နေ
ချစ်သောလည်း တမျှော်မျှော် ဆိုသည့်
စကားပုံလေးက ငါ့ကို ပြောလေ သလာ.....................
ကဗျာ မမီ စာမပီ ပေမယ့် နင့်အကြောင်းငါရေးချင်နေမိ။
သြော် အချစ်ရူးလေး ငါပါကွယ်

တကယ်ပါ လူတစ်ယောက်ကို ချစ်ရတာ ကြယ်ကြွေရင် ကောက်ဖို့ စောင့်နေရ သလို ပါပဲ

Thursday, November 26, 2009

27.11.2009

သူနဲ့ မနေ့ ည အချိန်အကြာ ကြီးမဟုတ်ပေမယ့် ခဏလေး ချက်ခွင့်ရတယ်လေ။
သူကလည်း ကျွန်မ ကို သတိရလို့ ခဏလေး ပဲဖြစ်ဖြစ် ချက်ခွင့်ရဖို့ ဝင်လာခဲ့တယ်တဲ့လေ။
ဘယ်လောက်ထိများ ပျော်ဖို့ ကောင်းလေမလဲ။ သူ့ ရဲ့ ကျွန်မ အပေါ် သတိရတဲ့စိတ်လေး ကို သဘောကျတယ်။ အမြဲ အဲလို သတိရတဲ့စိတ်ရှိနိုင်ဖို့ လဲ မျှော်လင့်နေမိတယ်လေ။
ကျွန်မ နေမကောင်းတဲ့အကြောင်း စာရေးပေးထားခဲ့တယ်ဆိုတော့ သူ က စိတ်ပူစွာနဲ့ ဆေးသောက်ဖို့ နားနား နေနေ နေဖို့ မှာရှာတယ်လေ။
သူ့ ၇ဲ့ ကျွန်မ အပေါ် ဂရုစိုက်တတ်မှု လေးတွေကိုလည်း သဘောကျနေမိတယ်လေ။
သူ အမြဲပြောလိမ့် ရှိတဲ့ ညီမကို အရမ်းသတိယ နေတယ် ဆိုတာလေးကို တွေ့ ရရုံနဲ့တင် ပျော်နေတတ်တယ်လေ။ သူပြောသလို ညီမ ရိုက်ထည့်လာတဲ့စကားလုံးလေးတွေက များ အသံထွက်လာမလာလို့ ကွန်ပျူတာ screen နားတိုးတိုး ပြီး ကြည့်နေမိတယ်တဲ့လေ။
ဘယ်လောက်ထိများ ကြည်နူးစရာ ကောင်းလေမလဲနော်။
သူများလို ချွဲနွဲ့ ပြီး ကြွေ အောင် သူ မပြောတတ်ပေမယ့် သူပြောလာတဲ့စကားတွေက ကျွန်မ အတွက် တော့ ကြည်နူးစရာ ခံစားချက်မျိုးကို ဖြစ်ပေါ်စေ တယ်လေ။
Love is Blind ဆိုတဲ့ စကားက ကျွန်မ ကို ပြောထားသလို ပါပဲ။
မနေ့ည သူပြောခဲ့တဲ့ စကားထဲမှာ ရေ မကူးတတ်ရင် မကူးဖို့ ပြောသွားတဲ့ စကားကိုအရမ်းသဘောကျတယ်လေ။ သူက သူ့ ကိုပဲစွဲစွဲ လမ်းလမ်းဖြစ်ပြီး ဘာမှ မလုပ်နိုင် ဖြစ်နေတာတွေကို သဘောမကျဘူးလေ။ အကန့် လေး ထားနိုင်ဖို့ သူ ကပြော တယ်လေ။
သူပြောတာ သဘာဝကျပါတယ်လေ။ သူက ကျွန်မ ဘက် အရမ်းစဉ်းစားပေးတယ်လေ။
ပြီးတော့ သူ က သူ့ ကိုယ်သူ ကျွန်မ အတွက် ဘာမှ မလုပ်ပေးနိုင်သေးတဲ့ ချစ်သူ တစ်ယောက်ဖြစ်နေတယ်ဆို ပြီး အားငယ်သလို စကားပြောတတ်တယ်လေ။
သူ ဒါဖြစ်လို့ ဟိုဟာဖြစ်လို့ ကျွန်မ သူ့ ကို ချစ်ခဲ့တာမဟုတ်တော့။
သူ ကျွန်မ အတွက်ဘာမှ မလုပ်ပေးနိုင်ခြင်းကို ကျွန်မ ဘာမှ မဖြစ်တာ အမှန်ပဲလေ။
သူ့ရဲ့ နှလုံးသား မှာ ကျွန်မ အတွက် အခန်းလေးတစ်ခန်းရှိနေ တာကို ပဲ ကျွန်မ ကျေနပ်နေတယ်လေ။
ဘယ်လိုပဲ ဖြစ်ဖြစ် အခု သူ့ ကိုလွမ်းနေမိတယ်။ တကယ်ပါ အချစ်ရဲ့ လိုအပ်ချက်တွေက ဘ၀ရဲ့ လိုအပ်ချက်နဲ့ ကြာလေ တူလေ ပါပဲလေ။..........................................

26.11.2009

သူ နဲ့ တွေ့ ဖို့ မျှော်လင့်ချက် မရှိခဲ့ပေမယ့် သူနဲ့ တွေ့ ခွင့် ရခဲ့တယ်လေ။ ဘယ်လောက်ထိများ ပျော်ဖို့ ကောင်းလေ မလဲနော်။ ကျွန်မ အတွက် သူ့ နှလုံးသား မှာ နေရာလေးတစ်ခု ရှိနေကြောင်း သိနေရတာကို ကျွန်မ က ကျေနပ် နေမိ တယ်လေ။ ကျွန်မ သူ့ ဆီက ဘာလို အုံးမလဲနော်။ ကျွန်မ ကို ချစ်တဲ့သူ နှလုံးသားကို ကျွန်မ ပိုင်နေပြီပဲလေ။ တခြားသူ့ ဆီက ကျွန်မ ဘာမှ မမျှော်လင့်တော့ဘူးလေ။ သူနဲ့ စကားပြောခွင့်ရတဲ့ အချိန်လေး ကို အရမ်းမြတ်နိုးမိတယ် ။ အချိန်တိုင်း သူနဲ့ တွေ့ ဖို့ နှလုံးသားက စိုင်းပြင်းနေတယ်လေ။ တကယ်ပါ စိတ်ဆိုတာ အမိန့် ပေးလို့ မရပါဘူး ။ သူ အလုပ်အားချင်မှ အားမယ် ဆိုတာ သိနေပေမယ့် သူလာတတ်တဲ့ အချိန်လေးရောက်ရင် နှလုံးသား ကမနေနိုင်တော့ ဘူး g-talk ဖွင့်ထားဖို့ အမိန့် ပေးတတ်နေခဲ့ပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ တွေ့ ဆုံခြင်း ဟာကျွန်မ အတွက် တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခု လိုပါပဲ။ အင်း......................ပြည့်စုံခြင်းပဲဖြစ်မှာပါ။

Wednesday, November 25, 2009

25.11.2009

အမြဲတမ်း နီးစပ်ဖို့ ကြိုးစား နေတဲ့သူတစ်ယောက်ဟာ ဘယ်လို အကြောင်းနဲ့မှ ကြိုးစားနေတဲ့ 
ပန်းတိုင်နဲ့ဝေးရာကို သူပြေးမှာ မဟုတ်တာ သေချာတယ်လေ။
အဲလို ပဲ ကျွန်မ ဒီရက် တကယ်လို့  မယ်ဆိုင်ဘက်သွားရင် သူနဲ့ မတွေ့ ရမှာ သေမလောက် ကြောက်နေခဲ့တယ်လေ။
မနေ့ ည က သူနဲ့ (7)နာရီလောက်မှ တွေ့ ဖို့ ချိန်းထားခဲ့ပေမယ့် သူ က ရောက်မလာခဲ့ဘူးလေ။
ကျွန်မ ကတော့ ငါးနာရီကတည်းက အိမ်မှာ connection မကောင်းလို့ အလုပ်ရှုပ်နေတော့တယ်လေ။
သူနဲ့ မတွေ့ ရမှာ ကြောက်နေသလို သူ့ ကျွန်မ ကို မျှော်နေမှာကိုလည်း ကျွန်မ တွေးပြီး စိတ်မကောင်းဘူးလေ။ ကျွန်မ ဒီချိန်မှာ လိုင်းတက်လာအောင်လဲ ဘာမှ မလုပ်နိုင်ဘူးလေ။
ဒါကြောင့် ကျွန်မ ဆုတောင်းနေတော့တယ်။ ဘုရားသခင် အလိုရှိရင် တွေ့ ဆုံခွင့်ပေးပါလို့ ပေါ့။ ဆုတောင်းပြီးတော့ လိုင်းတက်လာ ဖို့ မျှော်လင့်ခဲ့တယ်လေ။
ဒါပေမယ့် လိုင်းက လုံးဝ မတက်လာခဲ့ဘူး။
ကျွန်မ လည်း နောက်ဆုံးတွေးလိုက်တယ် ဘုရားသခင် အလိုမရှိလို့နေမှာပါ လို့ လေ။
ဒါပေမယ့် 6 နာရီ 50 လောက်ကျတော့ လိုင်းပြန်တက်လာတယ်။
ကျွန်မ အရမ်းပျော်သွားတယ်။ ကျေးဇူးတော်လည်း မချီးမွမ်းပဲ မနေနိုင်အောင်ပါပဲ။
သူနဲ့ ချိန်းထားတဲ့အချိန် နဲ့ ဆို (10) မိနစ်လောက် လို နေသေးတယ်လေ။
သူ့ ပြောထားတဲ့(၇)နာရီကျော်လို့  (၈) နာရီခွဲ သွားပေမဲ့ သူ တက်မလာဘူးလေ။
ကျွန်မ ကတော့ ဘာလို့ လဲပေါ့နော်။ သူ တစ်ခုခု ဖြစ်လို့ လာ ဆိုပြီး စိတ်ပူနေမိတယ်လေ။
သူ တက်မလာလို့ စိတ်မကောင်းရသည့်ထဲ မီးက ရုတ်တရက် ပျက်သွားတော့ laptop မှာက လည်း battery က ကုန်နေတယ်။
ဘယ်လို မှ ကွန်ပျူတာ ဖွင့်ဖို့ မဖြစ်နိုင်တော့ဘူးလေ။
အဒေါ်နဲ့ နှစ်ယောက်သား ပလပ်ပေါက်တွေကို ဟိုစမ်းဒီစမ်းလုပ်တော့ မီးပြန်လင်းလာခဲ့တယ်။ ပလပ်ပေါက် ချောက်နေလို့ မီးပျက်သွားတာ ဖြစ်တယ်လေ။
အဲဒါနဲ့ ကွန်ပျူတာ ပြန်ဖွင့်တော့ လိုင်းက တက်မလာပြန်တော့ဘူးလေ။
တော်တော်စိတ်ပျက်သွားမိတယ်။ စိတ်ကုန်ကုန်နဲ့ အိမ်က destop ကို CDMA ကဒ် ထဲပြီး ပြန်စမ်းသေးတယ်။ လိုင်းက ဘယ်လိုမှ မတက်လာတော့ဘူး ။
နာရီကြည့်လိုက်တော့ (8) နာရီကျော်နေပြီလေ။
သူနဲ့ တော့ ဒီည တွေ့ ဖို့ ဆိုတာ ဘယ်လို နည်းနဲ့ မှ မဖြစ်နိုင်တော့ဘူးလို့ ကျွန်မ ထင်နေပါတော့တယ်။
သူ့ ကိုနောက်ရက်မှ ပြန်တောင်းပန်မယ်ပေါ့ ။
ဒီလိုနဲ့ laptop တစ်ခုနဲ့ ပြန်စမ်းတော့ လိုင်းနည်းနည်းတက်လာတယ်။
လိုင်းတက်လာတာနဲ့ ချက်ချင်း သူ့ အကောင့် အွန်လိုင်းပေါ်မှာရှိမရှိ လိုက်ရှာနေမိတယ်။
သူ့ အကောင့် မီးစိမ်း တာ မတွေ့ တော့ တော်သေးတယ် သူတက်မလာသေးလို့ ဆိုပြီး သက်ပြင်းချ ရုံပဲရှိသေးတယ်။
မီးက ချက်ချင်း ပျက်သွားပြန်တယ်လေ။
ဒီတစ်ခေါက်တော့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ရလောက်အောင်ပါပဲ။
အဒေါ်နဲ့ နှစ်ယောက်သား ဘာဖြစ်လို့ ပါလဲ ဆိုပြီး တွေးနေမိတယ်။
အိမ်က ပလပ်ပေါက်တွေက လည်း စမ်းတာလည်း များနေပြီ ပြန်မလင်းလာတော့ ။
အဲဒါနဲ့ laptop join ထားတဲ့ ပလပ်ပေါက် ကို ကြည့်လိုက်တော့ ကျွမ်းနေတာ ကို တွေ့ ရတယ်လေ။
အဲဒါကို ဆွဲထုတ်ပြီး နောက်မီးကြိုး ခွေ တစ်ခုနဲ့ ဆက်လိုက်မှ လိုင်းလည်း ပြန်တက်လာသလို မီးလည်း မပျက်တော့ဘူးလေ။
(9) နာရီထိုးနေခဲ့ပေမယ့် သူရောက်မလာခဲ့ပါဘူး။
ကျွန်မ က ဘွဲ့ form လျှောက်တဲ့ ကိစ္စာ နဲ့ ခေါင်းမကြည်ရတဲ့ထဲ ၊ တနေ့ ကုန်လိုင်းကျလိုက် မီးပျက်လိုက်နဲ့ ၊ သူ ကလည်း တက်မလာတော့ လူက ဘယ်လိုပြောရမှန်းတောင် မသိအောင်ပါပဲ။
နုန်းပြီး ဘာလုပ်ပြီး ဘာ ကိုင်ရမှန်းတောင် ကိုယ့်ကိုယ်ကို မသိလောက်အောင်ပါပဲ။
မကြာပါဘူး သူတက်လာခဲ့တယ်လေ။ သူ့ ကိုတွေ့ တော့ အရမ်းတော့ ပျော်သွားမိတယ် ဒါပေမယ့် သူ့ အတွက် ပိုစိတ်ပူတယ်။
သူ ဘာလို့ နောက်ကျလဲပေါ့နော်။ သူ ကတော့ စောင့်နေပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောတယ်လေ။ ပြီးတော့ ကောင်မလေး တစ်ယောက်နဲ့ ရုပ်၇ှင်သွား ကြည့်နေတာနဲ့ ကားကလည်း ပြန်ကြပ်နေတော့ လာတာ နောက်ကျတဲ့ အကြောင်း ပြောတယ်လေ။
သူ တခြားကောင်မလေး တွေနဲ့ သွားကြည့်တာကတော့ စိတ်မကောင်းပေ့မယ့် သူလည်း အကြောင်းရှိလို့ နေမှာဆိုတာ တွေးနေမိတယ်လေ။
သူ ကတော့ စိတ်ထဲမှာ တစ်မျိုးမျိုး မဖြစ်ဘူးလာတဲ့။
ကျွန်မ ဖြစ်ခဲ့ရင်တောင် သူ့ ကိုပြောမပြ ချင်ခဲ့တာအမှန်ပါပဲ။
ဒါပေမယ့် ကျွန်မ ပြန်ပြောလိုက်ပါတယ် ပွင့်ပွင့် လင်းလင်းပြောရ၇င်တော့ စိတ်မကောင်းဘူးလို့ ပေါ့နော်။ ဒါပေမယ့် နားလည် ပါတယ်လို့တော့ ပြောလိုက်တယ်။
သူ က ကျွန်မ စိတ်တစ်မျိုးမျိုး ဖြစ်လို့ ပျော်တယ်တဲ့လေ။
သူ့ အတွက် ခံစားချက်ရှိတယ် ဆိုတာ သူသိရလို့ တဲ့လေ။
သူ က ကျွန်မ ကို စတာပါတဲ့။ အရင်တစ်ခေါက်လည်း သူ က သူငယ်ချင်းယောင်ဆောင်ပြီးတော့ ကိုနောင်းနောင်က သူ့ ချစ်သူနဲ့ အပြင်ခဏ သွားတယ်တဲ့ ဆိုတာ တွေ ပြောပြတယ်လေ။
ကျွန်မ ကိုစချင်လို့ တဲ့လေ။ ကျွန်မ ကတော့ သူ့ ရဲ့ ဘယ်နှယောက်မြောက် လဲဆိုတာပဲတွေးနေမိတယ်လေ။ ကျွန်မ က သူ့ ကို ချစ်နေမိသူဆိုတော့ ဒီကိစ္စာလေးနဲ့ တော့ သူနဲ့ ဝေးရာမှာ ကျွန်မ မနေနိုင်ဘူးလေ။
တကယ်ပါ သူ့ ကိုချစ်ခဲ့မိတာ လမ်းခွဲဖို့ မဟုတ်ခဲ့ဘူးလေ။ သူကတော့ ကျွန်မ ကို စ ၇ုံသက်သက်ဆိုပေမယ့် ကျွန်မ ကတော့ အလေးအနက် ထားပြီး စဉ်းစားနေမိတယ်လေ။
ကျွန်မ တော့ ကြာလာရင် သူ့ ကိုချစ်တဲ့စိတ်နဲ့ ရူးပြီလို့ ထင်တာပါပဲ။
မနေ့ ည သူနဲ့ ကိုးနာရီ ကတည်းက စပြောတာ (11) နာရီခွဲတဲ့ အထိပဲ။
ကျွန်မတို့ နှစ်ယောက်ကတော့ စကားပြောဖြစ်တိုင်း ဘ၀နဲ့ယှဉ်ပြီးပဲ ပြောလေ့ရှိတယ်လေ။
ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ အတူ စကားပြောခွင့်ရတဲ့ အချိန်တွေကို မြတ်နိုးတယ် တန်ဖိုးထားတယ် ။
သူ ဟာ ကျွန်မ ကို ဘုရားသခင်က လက်ဆောင်ပေးတဲ့ သူလို ပဲ သဘောထားပြီး တန်ဘိုးထားတယ်။
သူ့ အတွက် ဆုတောင်းပေးတယ်။
မနေ့ ညစကားပြောလိုက်တော့ သူနဲ့ နားလည်မှု အများကြီး ရခဲ့တယ်။
ဒီရက် သူနဲ့ မတွေ့ ရမှာဆိုးလို့ မယ်ဆိုင်သွားချင် စိတ်တောင် မရှိခဲ့ပေမယ့် သွားဖြစ်ခဲ့တယ် ။ အချိန်တန်လာတော့ လဲ သူ အွန်လိုင်းများ ရှိနေမလာ ဆိုပြီး ပြန်ရောက်တာနဲ့ ချက်ချင်း ကွန်ပျူတာ ဆိုင် ကိုထွက်လာခဲ့တော့တယ်လေ ။
အဒေါ်က တော့ ခဏ လေးပဲဖြစ်ဖြစ် နားပြီးမှ သွားဖို့ ပြောတယ်လေ။
ဒါပေမယ့် ကျွန်မရဲ့ စိတ်က သူ့ ဆီပဲရောက်နေတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူနားမှာ နေခွင့်ရဖို့ ပဲ မျှော်လင့်နေမိတယ် လေ။
သူက အပြင်မှာ ပြန်တွေ့ ကျရင် သူပေါ် ခံစားချက်တွေ ပြောင်းသွားမှာကို သူအရမ်းကြောက်နေတယ်လေ။ သူအနေနဲ့ လဲတွေးနေမိသလို ကျွန်မ လည်း သူ့ လို တွေးနေမိတယ်။
သူ ကျွန်မ အပေါ် ခံစားချက်လေးတွေ ပြောင်းသွားရင်တော့ ဆိုတာကိုပေါ့နော်။ ကျွန်မ သူငယ်ချင်း တစ်ယောက်က ကျွန်မ ကွန်ပျူတာ ဆိုင်ေ၇ာက်တာနဲ့  blog ကိုဖွင့်ပြီး new post တွေ ရေးတာကို သူနေ့တိုင်းမြင်တော့ မနေနိုင်လို့ လာ မသိပါဘူး သူ က ကျွန်မ ကို မေးတယ်လေ နင် သူနဲ့ ဝေးရင်တော့ ရူးနိုင်တယ်နော် တဲ့ ။ နင့်ကောင်လေး ကို နင် အ၇မ်းချစ်တာပဲလာ တဲ့လေ။
သူ ကဟော နင့်လောက်နင့် အပေါ် ခံစားမှု ၇ှိရဲ့ လာတဲ့လေ။
သူမေးလည်း မေးချင်စရာပါပဲ ။ ကျွန်မ က အချစ်ရူးရူးနေ တော့လေ။
သူကျွန်မ ကို ချစ်ပါတယ် ။ ကျွန်မ နဲ့ထပ်တူ ခံစားမှု ရှိမှာပါ လို့ လေ။ သူ့ စိတ်ကို ကျွန်မ မမှန်းတတ်တာတော့ အမှန်ပါပဲ။
ဘာပဲ ဖြစ်ဖြစ်လေ သူကျွန်မ နဲ့ဝေးရာ မနေရင် ကျွန်မ အတွက် လုံလောက်နေပြီလေ။ သူကျွန်မ ကို သတိယနေတာကိုလည်း ကျွန်မ က ကျေနပ်နေတတ်တာလေ။ အခုချိန်မှာ ကျွန်မ အတွက် ဘာများ သူ့ ဆီက မျှော်လင့်နေအုံးမလဲနော်။ သူ့ ရင်ထဲမှာ ကျွန်မ ရှိနေတာကိုက ကျွန်မ အတွက် လုံလောက်နေခဲ့တယ်လေ။
တကယ်ပါ ကျွန်မ အတွက် တော့ သူ့ အချစ်က အသစ် တစ်ဖန် ရှင်သန်ခြင်းလို ပါပဲ။...........................................................သူနဲ့ ပတ်သက်လာရင် မာနလည်း မရှိဘူး၊ အတ္တလည်း မရှိဘူး၊
သူ့ အတွက် အမြဲ ပေးဆပ် သွားချင်တဲ့စိတ်ပဲ နှလုံးသားတစ်ခု လုံးမှာကိန်းအောင်းနေခဲ့ပြီလေ။

Monday, November 23, 2009

24.11.2009

မနေ့ ည က မထင်မှတ်ပဲ သူနဲ့ အွန်လိုင်းမှာ (15) မိနစ်လောက် စကားပြော ခွင့်ရခဲ့တယ်လေ။
ဘယ်လောက်များ ကြည်နူးစရာကောင်းပါလေ့ ။
ကျွန်မ သူငယ်ချင်းက ပြောတယ် နင်ကောင်က ည(10)နာရီ လောက်ဆို တက်လာတတ် တယ်တဲ့။
ကျွန်မ က ဆယ်နာရီလောက်ဆို အိပ်နေကျဆိုတော့ သူနဲ့တိုးဖို့ မတိုးဖို့ ဆိုတာ မသေချာဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ ကိုစောင့်မယ်လို့ နှလုံးသားက အလိုလို အမိန့် ပေး နေခဲ့ တယ်လေ။
ကျွန်မ အရမ်း ကြိုက်တဲ့ ဇာတ်လမ်းတွဲ လည်း ကျွန်မ စိတ်မ၀င်စား နိုင်တော့ပါဘူး ။
သူ့ အကောင့် က ဘယ်ချိန်များ စိမ်းလာမလဲ ဆိုတာ ကိုပဲ g-talk ဖွင့်ပြီး ထိုင်စောင့် နေမိတယ်လေ။ ဘယ်လောက်များ ရူးလိုက် လေလဲ ဆိုတော့လေ။
သူနဲ့ မတွေ့ ခဲ့ရရင်တောင် သူ့ ကိုစောင့်ခဲ့ရတဲ့ အချိန်တွေ အတွက် ကျွန်မ နှမြော မိမှာ မဟုတ်ဘူးလေ။ ကျွန်မ ကျေနပ်နေမိမှာ သေချာတယ်လေ။
သူနဲ့ တွေ့ ခွင့်ရတော့ ကျွန်မ ပိုပျော်တာပေါ့။
ခဏလေးပဲဖြစ်ဖြစ် သူ ကျွန်မ ကို အချိန်ပေးဖို့ သတိရ ပေးတာကိုပဲ ကျွန်မ ပျော်နေမိ တယ်လေ။
ကျွန်မ ပြောလို့ မဟုတ်သလို သူ့ စိတ်က တကယ် ပဲ ကျွန်မ ကိုသတိရ လို့ လာခဲ့တာလေ။ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလေ မလဲနော်။
သူ့ ရဲ့ ကျွန်မကို သတိရ ပေးတဲ့ စိတ်ကို အရမ်း ကျေးဇူး တင်နေမိတယ်လေ။
ကျွန်မ သူငယ်ချင်းကလဲ ကျွန်မ ကိုမေးရှာတယ်။ နင်စောင့်ရကျိုးနပ်သွားပြီလာတဲ့။ နင်အရမ်းပျော်နေပြီလာတဲ့လေ။ ကျွန်မကတော့ ပျော်တဲ့အကြောင်းထက် ကျွန်မ သူ့ ကို ထပ်လွမ်းရမဲ့ အကြောင်းကို ပြောလိုက်တယ်လေ။ သူ က ကျွန်မ အတွက် နှလုံးသားမှာ အခန်းတစ်ခု ပြင်ထားတဲ့အကြောင်းလေး ပြောပြတယ်လေ။ ပြန်အမ်းလို့ လဲ မရဘူးတဲ့။ ငှါးလို့ လဲ မရဘူးတဲ့လေ။ အဲဒီ အခန်းကို အပိုင်ပေးမယ်တဲ့လေ ။ ကျွန်မ ကလည်း အပိုင်ပဲ ယူမယ်လို့ ဘယ်သူ့ ကိုမှ ခွဲ မပေးနိုင်ဘူးလို့ ပြန်ပြောလိုက်တော့။ သူ့ က ထပ်စဉ်းစားဖို့ ပြောနေတယ်လေ။ သူ့ က ကျွန်မ အတွက် အရမ်း စဉ်းစားပေးတတ်တဲ့သူပါ။ ကျွန်မ ယူမဲ့ သူတောင် ဘာမှ မပြောပေးမဲ့ သူ့ က နောက်မှ နောင်တ ရမဲ့ အဖြစ်မျိုး ကို သူ မလို လားတဲ့အကြောင်းတွေကို သူက ရှင်းပြ ရှာတယ်လေ။ သူ ကျွန်မ ကို ပြောခဲ့သလို ပါပဲ ညီမ ပြောတဲ့ စကားတွေက အကို အတွက် အရမ်းခံစားလွယ်တယ်တဲ့လေ။ တခြားသူ တွေ ဘာပဲပြောပြောတဲ့လေ သူ့ အတွက် က ဘယ်လောက်မှ မဟုတ်ဘူးတဲ့လေ။
ကျွန်မ လည်း သူ့ လိုပဲ ။ သူ ပြောလိုက်တဲ့ စကားတွေ က ဟာသ ဆန်ဆန်ပဲ ပြောပြော ကျွန်မ အတွက် က ခံစားမှုတစ်ခု ဖြစ်တည်နေခဲ့တယ်လေ။
တကယ်ပါ ခံစားချက်ဆိုတာ ဖန်တီးယူလို့ မရ တာသေချာနေတယ်လေ။ ကျွန်မ တကယ်စဉ်းစားနေမိ တယ်လေ ခံစားချက်ဆိုတာ ဖန်တီးလို့ ရခဲ့ရင်တော့ ကမ္ဘာပေါ်မှာ ပြသနာ တော့ တော်တော်များနေမှာ ရှုပ်ထွေးနေမှာ ဆိုပြီးတော့လေ။
ဒါကြောင့် ကျွန်မ ခံစားချက်ကို အလေးအနက် ထားနေမိတယ်။
ကျွန်မ သူငယ်ချင်းတစ်ယောက် က မေးတယ်။
ဘ၀လက်တွဲဖော်ရွေး ရင် နင်စံထားတဲ့ အချက်နဲ့ ပြည့်စုံနေတဲ့သူ ၊ ပြီးတော့ နင် အရမ်းချစ်တဲ့သူ (ဘ၀လက်တွဲဖို့ အားနည်းချက်အများကြီးရှိနေမယ်) ကိုရွေးခိုင်းရင် ဘယ်သူ့ ကိုရွေးမှာလဲ တဲ့လေ။
ကျွန်မ အတွက် ခေါင်းတော်တော် စားသွား တယ်လေ။
ကျွန်မ လူတစ်ယောက်ကို ချစ်ပြီဆို အရှိတိုင်း လက်ခံ နိုင်မှ ချစ်တာလေ။
ကျွန်မ လက်ထဲမှာ ငွေထုပ်ရှိနေမယ် စိန်ထုပ်ကလည်း လှမ်းယူ လို့ ရနေတဲ့ အချိန်အနေမျိုး ။
အဲဒီချိန်မှာ ရွေးချယ်ရမယ် တစ်ခုခုကိုပေါ့။
အဲဒါဆိုရင်တော့ ကျွန်မ က ငွေထုပ်ကိုပဲယူမှာပါ။ စိန်က တန်ဖိုး ပိုရှိတယ်။
ဒါပေမယ့် ကိုယ့်လက်ထဲမှာ ရှိတဲ့ဟာနဲ့ မလဲ နိုင်ဘူးလေ။
ငွေထုပ်က အခုကိုယ်လိုရင် ချက်ချင်းယူသုံးလို့ အဆင်ပြေတယ်လေ။
စိန်ထုပ် ကျတော့ လိုရင်လည်း ၀ယ်နိုင်တဲ့သူမှ ၀ယ်နိုင်ကြတာလေ။
အဲလို ပဲ လိုနေချိန် ချက်ချင်း သုံး လို့ ရတဲ့ အရာ မဟုတ်ဘူးလေ။
ဘာပဲပြောပြော အချစ်နဲ့ အရာရာကို သည်းခံပြီး ကျော်လွှားနိုင်မဲ့ လို့ ကျွန်မ ယုံကြည်နေမိတယ်လေ။
ကျွန်မ ကတော့ ကျွန်မ ချစ်တဲ့သူ ကိုပဲေ၇ွးချယ်မိမှာ သေချာ နေတယ်လေ။ ကျွန်မခံယူမိတဲ့ အချစ်က ပြည့်စုံခြင်းကို ဖြစ်ပေါ်စေတယ်ဆိုတော့ အခုလို ဆုံးဖြတ် ရွေးချယ် နိုင်ခဲ့တယ်လို့ ကျွန်မ ထင်မိတယ်။
လူတွေ ဘာပဲ ပြောပြော ကျွန်မ ကတော့ အချစ်နွံထဲမှာ ပျော်မွေ့ နေဆဲပါပဲ။

Sunday, November 22, 2009

23.11.2009

သာယာ လှပ တဲ့မနက်ခင်းလေးမှာ နိုးထ ခဲ့ပြီ သူ ဒီမနက် ကျွန်မ ဖတ်ဖို့ ဘာ message များ
ပို့ ထားမလဲဆိုတာ နှလုံးသား က ကွန်ပျူတာ ဖွင့်ဖို့ စိုင်းပြင်းနေခဲ့မိတယ်။
မနေ့က နေ့ လည်က သူ နဲ့ တွေ့ နိုင်ဖို့ ဘုရားကျောင်းဆင်းကတည်း က
စိတ်က သူ့ ဆီမှာပဲရှိခဲ့ပေမယ့် CDMA ကဒ်က ဆရာရဲ့ အခန်းထဲပိတ်မိနေတော့
ဘယ်လို မှ ယူဖို့ အဆင်မပြောလို့ သူ့ နဲ့တွေ့ ဖို့ လွဲခဲ့တယ်လေ။
သူ ဘယ်ချိန်ဆို အွန်လိုင်းမှာရှိတတ်မလဲဆိုတာ မသိပေမယ့် အချိန်တန်ရင် နှလုံးသား က စေခိုင်းတတ်နေပြီလေ။
ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ အမြင် ချင်ဆုံးက တော့ သူ့ အကောင့်နဲ့ ကျွန်မ ဆီ စာပို့ ထားမဲ့စာလေးတွေပါပဲ။ အချစ်စိတ် ကြောင့် နိုးထလာတဲ့မနက်ခင်း နဲ့ အရင်က မနက်ခင်းတွေ ဟာ
တကယ်ပဲ ခံစားချက်တွေက လုံးဝ မတူပါဘူး။ အချစ်စိတ်ကြောင့် နိးထ လာခဲ့ရတဲ့ နှလုံးသား က ချစ်ခြင်းတွေနဲ့ ပြည့်နေမိတယ်လေ။
သူ ဒီချိန်ဆို အိပ်ရာထဲမှာပဲ ဆက်ကွေးနေမှာဆိုတာ သိပြီး အလိုလို ပြုံးနေမိတတ်တယ်လေ။
သူ့ အကြောင်းလေးတွေးပြီး အလုပ်လုပ်ရတာလည်း ပျော်စရာ တစ်ခုလို ဖြစ်နေတယ်လေ။
သူ ကိုယ့်အတွက်ရည်ရွယ်ပြီး ပို့ ပေးခဲ့တဲ့ သီချင်းလေးတွေ နားထောင်ပြီး သူ့ ပုံလေးထိုင်ကြည့်နေရတာလဲ ကျွန်မ အတွက်က ပြည့်စုံမှုတစ်ခု လို ပါပဲ ခံစားနေမိတယ်လေ။ ကြာလာရင်တော့ သူ့ ကိုချစ်တဲ့ စိတ်နဲ့ ရူးပြီ လို့ ထင်နေမိတယ်လေ။
သူလည်း ကျွန်မလို ပဲ ကျွန်မနဲ့ ချက်ခွင့်မရသေးသရွေ့ တစ်ခုခု လို နေသလို ခံစားနေမိတယ်တဲ့လေ။
ဘယ်လောက်ထိများ ကြည်နူးစရာကောင်းလေ မလဲနော်။
သူ အဲလို ပြောလိုက်တိုင်း ကိုနောင်းနောင်က စကားအရမ်းတတ်တယ် လို့ ပြန်ပြောရုံကနေ ရင်ထဲက ခံစားချက်ကို မပြောပြတတ်ခဲ့ဘူး။
သူ ကျွန်မ ကို လွမ်းနေတယ် ပြောတိုင်း ကျွန်မ အရမ်းပျော်တယ်လေ။
ပြောမပြတတ်အောင်ပါပဲ ။တကယ်ပါ သူ ကျွန်မ ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် ကျွန်မ က သူ့ ကိုချစ်နေမိတာပါ။

Friday, November 20, 2009

21.11.2009

မနေ့ည ညနေ သူ နဲ့ချက်နေရင်း တန်းလန်း connection ကျသွားလို့ စိတ်မကောင်းစွာနဲ့ ပဲ။
ဒါပေမယ့် ညကျတော့ ဘုရားဆီ ဆုတောင်းလိုက်တယ်။
ဘုရားသ ခင်ရေလို့ လိုင်းခဏခဏကျလို့ စိတ်မကောင်းဘူး သိလာ လို့ လေ။
တစ်ခါတစ်လေ ကိုယ့်အဖြစ်ကို ရယ်ချင်မိတယ်။
ကိုယ့်က အခုလို ခံစားနေရပေမယ့် သူ ဟော ကျွန်မလို ဖြစ်နေပါမလာလို့ လေ။
သူ က အလုပ်နဲ့ဆိုတော့ သူ ကျွန်မ ကို သတိရဖို့ အားမှာ မဟုတ်ဘူးဆိုပြီးတော့
ကျွန်မ ရဲ့ အတွေးလေးကို မတွေးပဲ ထားလိုက်တော့တယ်။
သူ က အလုပ်ခွင်မှာ ပင်ပန်းအုံးမှာနဲ့ ကျွန်မ ကို လွမ်းရအုံးမှာနဲ့ ဆို သူ့ အဖြစ်ကိုလည်း ကျွန်မ စာနာတယ်လေ။ ဒါပေမယ့် ဒီမနက် သူ ကျွန်မ ဆီစာတစ်စောင်ပို့ ထားတယ်။
လိုင်းကျလို့ စိတ်မကောင်းရတဲ့အကြောင်းလေးပေါ့။
ကျွန်မ အဲဒီစာကို တွေ့ တော့ ပြောမပြတတ်အောင်ပဲ ပျော်သွားမိတယ်။ သူ့ ရဲ့ ကျွန်မ အပေါ် အချိန်ပေးမှုလေးတွေပေါ့။ သူ ကျွန်မ ကို သတိရနေတယ်ဆိုတာလေးတွေပေါ့။
ကျွန်မ သူ့ ဆီကနေ ဘာထပ်ပြီး လိုချင်တော့မလဲနော်။
သူ ကျွန်မကို သတိရနေတယ်လေ။ ဒီထက်လည်း ကျွန်မ သူ့ ဆီက ဘာမှ မတောင့်တမိဘူး။
သူ က ကျွန်မ ကို ပြောတယ် သူ များလို သူ လုပ်ပေးနိုင်မှာ မဟုတ်ဘူးတဲ့။
သူ့ ရဲ့ ပွင့်လင်းတဲ့ စတိုင်ကိုလည်း ကျွန်မ သဘောကျမိတယ်လေ။
သူ မလုပ်နိုင်တာကို ကျွန်မ အနေနဲ့ လဲ မလုပ်စေချင်မိတာ အမှန်ပဲ။
သူများ လို ဟိုဟာ ဒီဟာ တောင်းဆိုဖို့ ထက် ကျွန်မ ပဲ သူ့ အတွက် လုပ်ပေးနိုင်ဖို့ ပဲစဉ်းစားနေမိတယ်လေ။
သူနဲ့ ကျွန်မတို့ နှစ်ယောက်စလုံးကတော့ အချစ်အတွက် သတ္တိသိပ်မရှိကြတဲ့ ချစ်သူတွေပါ။
အသိုင်းအ၀ိုင်းတွေ၊ အပေါင်းအသင်းတွေကို ရင်ဆိုင်နိုင်ဖို့ နှစ်ယောက်စလုံး အချိန်ယူပြီး သတ္တိမွေးရအုံးမယ်လေ။ သိုသိပ်စွာချစ်နေရပေမယ့် ကျေနပ်တတ်တဲ့ ကျွန်မတို့ နှစ်ယောက်အတွက်တော့ လူများရှေ့ မှာတွဲ ပြမှာ ငါ့ကိုချစ်တယ်ဆိုတဲ့ စိတ်မျိုးဟာ နှစ်ယောက်စလုံးမှာ မရှိခဲ့ဘူးလေ။
ဒါကတော့ ကျွန်မတို့ နှစ်ယောက်ရဲ့ ထူးဆန်းတဲ့စိတ် တွေပါ။
ဘယ်လို ပဲဖြစ်ဖြစ် တချိန်ချိန်မှာဆိုတဲ့ အချိန်တစ်ခု ကို စဉ်းစားမိလေတိုင်း သူပြောခဲ့သလို မလွယ်တဲ့လမ်းတစ်ခုပဲဆိုတာ နှစ်ယောက်စလုံး လက်ခံနေကြတယ်လေ။
တချိန်ချိန်ဆိုတဲ့ အချိန်ကို ရင်ဆိုင်ဖို့ ရန်အတွက် နှစ်ယောက်စလုံး ခိုင်မာတဲ့ စိတ်ဓာတ်မွေးဖို့ ကြိုးစားရအုံးမယ်။ အချစ်ဆိုတဲ့ အရာရဲ့ လိုအပ်ချက်ဟာ ဘ၀ရဲ့ လို အပ်ချက်နဲ့ တူတယ်လို့ ယူဆခဲ့တဲ့ သူ့ ရဲ့  အယူအဆကို အစက သိပ်လက်မခံချင်ခဲ့ပေမယ့် အခုတော့ သူပြောသလို ပါပဲလာ။
သူ ကျွန်မနဲ့ပတ်သက်ပြီးတွေဝေနေခဲ့တာ ကိုပြန်စဉ်းစားမိလိုက်တိုင်း သူ့ ကို ကျွန်မ တကယ် ဘယ်လို ပြောရမှန်းတောင်မသိအောင်ပါပဲ။
မသိတော့ပါဘူး အချစ်ဆိုတာ ချစ်နေဖို့ ထက် ဘာတွေလိုအပ်နေလဲ ဆိုတာ အချိန်က စကားပြောသွားမယ်လို့ ကျွန်မ ယုံကြည်နေမိတယ်......................လေ။
ဒီပုံလေး လည်း နာဂစ် အတွက် ရန်ပုံငွေ ရှာဖို့ သီချင်းသွားဆိုတဲ့ အချိန် အမှတ်တရ ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ ဒီပုံကတော့ ကျွန်မ ကို ခဏခဏ လူမှားစေတဲ့ပုံလေးပါ။
ဒါကတော့ တာချီလိတ်က ဦးလေးတို့ ကွန်ပျူတာဆိုင် မှာ အမှတ်တရ ရိုက်ထားတာပါ။

Thursday, November 19, 2009

20.11.2009

နင့် အတွက် အရာရာမှာ အဆင်သင့် အမြဲ ရှိချင် နေမိတဲ့စိတ်ကို ဘာနဲ့မှ ထိန်းချုပ်လို့ မရဘူး။ နင် လာမှာကို မျှော်တတ် သလို နင် အနားရှိဖို့ အမြဲ ဆုတောင်း နေတတ် တယ်လေ။ နင် ငါ့ နားရှိနေရင် အရာရာ ပြည့်စုံတယ်လို့ ထင်မိတဲ့ နှလုံးသားက နင့်ကို မမျှော်နဲ့လို့ အမိန့် ပေးလို့ မရဘူးလေ။ နင့်အကြောင်းတွေးဖို့  အမြဲ ရောက် ရောက်သွားတဲ့  ငါ့ ရဲ့ အတွေးလေးတွေ၊ စိတ်တွေ ၊ နှလုံးသားလေးတွေ၊ ...................အချိန်ကုန်မှန်း မသိ အောင်ပါပဲ ။ ငါလေ နင့်ကို ဘယ်လို အဲလောက်ချစ်မိသွားမှန်း မသိဘူး။ ကိုယ့်ကိုယ်ကို အံသြ နေမိတယ်။ အချစ်ကြောင့် ရူးနေပြီ ထင်ပါတယ်။ သူ ပေါ်မလာရင် နေမကောင်း သလို လို ပဲ ခံစားရတယ်။ ဘာလုပ်လုပ် စိတ်မပါဘူး။ ဟန်ဆောင်ပြီး ကြိုးစားလုပ်လဲ စိတ်က အဓိက ပဲဆိုတော့ ဘယ်လို မှ စိတ်မပါဘူး ဖြစ်နေတယ်။ အရာရာမှ သူ့ ကိုလို အပ်နေတယ်လေ။ သူ ကတော့ ကျွန်မရဲ့ အားဆေးလေး လို ပါပဲ။ ကျွန်မ အားတက်ပြီး အလုပ်လုပ်နိုင်ဖို့ သူ နဲ့ စကားပြောခွင့်မရရင်တောင် သူ့ စာလေးကို ဖတ်မိရုံနဲ့တင် အားက အလိုလို ရှိလာပြီး တက်ကြွနေတယ်လေ။
သူ့ ကို ကျွန်မ အဲလောက်ထိလိုအပ် နေမိတယ်။ သူ့ ကို အချိန်တိုင်းတွေးနေမိသလို သူ့ အတွက် အမြဲ ဆုတောင်း ပေးနေမိတယ်။ သူ့ ကိုချစ်မိတဲ့ အချစ်ကြောင့် သူနဲ့ မြန်မြန် ပြန်ဆုံစည်း ခွင့်ရချင်မိတယ်။ ဒီ၇က်ကတော့ သူ့ ဘက်က လိုင်းကျသွားတယ်ဆိုတော့ သူလည်းစိတ်မကောင်းဖြစ်နေမှာ ပါ။ လိုင်းကျသွားတိုင်း သူပြောလိမ့် ရှိတဲ့ စကားတစ်ခွန်း ကြောင့် လိုင်း ဘယ်လောက်ပဲကြာကြာ ကျပါစေ သူ့ တက်လာမဲ့ အချိန်ကို စောင့်ဖို့ နှလုံးသားက စိုင်းပြင်း နေတယ်လေ။ လိုင်းကျသွားတိုင်း ညီမနဲ့ အဝေးဆုံးကို ရောက်သွားသလို ပဲတဲ့။ သူ နဲ့ အနီးဆုံးကို နေချင်ခဲ့တဲ့ ကျွန်မ ဘယ်လို နည်းနဲ့ အဝေးကို ပြေးဖို့ ဆိုတာ စဉ်းစားမိမှာလဲနော် ။ ဘာပဲဖြစ်ဖြစ် လိုင်းကျသွားတိုင်း သူ ခံစားရသလို ကျွန်မ လည်း ခံစားနေမိတတ်တယ်လေ။ သူ အား ရင်တော့ ကျွန်မတက်လာတဲ့ အထိ ထိုင်စောင့် ပေးတတ်တယ်လေ။ သူ့ ရဲ့ အဲဒီအကျင့် လေးကို သဘောကျနေမိတယ်။ သူ က စကားသိပ်မပြောဘူး ဒါပေမယ့် ပြောလာရင်တော့ လေးလေးနက်နက် အရမ်းပြောတတ်တယ်။ ပြီးတော့ သဘောထားလေးတွေ/ အတွေးအခေါ်လေးတွေ ကို သဘောကျတယ်။ သူ ရယ်ရင် သွားပေါ်အောင် ရယ်တတ်တဲ့ သူ့ ရဲ့ အပြုံးလေးတွေကို သဘောကျတယ်။ သူငယ်ချင်းတစ်ယောက်က ပြောတယ် သူ့ က မိန်းခလေး ကျမ်းကြေ တယ်တဲ့။ လူတွေ ဘယ်လိုပဲပြောပြော သူ့ အပေါ် ကျွန်မ ထားခဲ့တဲ့ ယုံကြည်မှုလေးတွ က တစ်စက်မှ သံသယ အနေနဲ့ ဖြစ်မသွားခဲ့ဖူးလေ။ သူ့ ကို အတင်း ဘာမှလဲ မမေးချင်ဘူး။ အရာ အားလုံး ကိုပေါ့။ သူ့ စိတ်ပျော်ဖို့ က ကျွန်မ အတွက် အဓိက ကျနေတယ်လေ။ သူ ဘယ်လောက် ဆိုးခဲ့ပါစေ၊ သူဘယ်လောက် ပေတေ နေခဲ့ပါစေ ၊ ကျွန်မ သူ့ ရဲ့ အတိတ် ထက် ပစ္စုပန် ကို တန်ဖိုးထား တယ်လေ။ တကယ်လို့ ကျွန်မ အတွက် အချိန်ပေးဖို့ တောင်းဆိုဖို့ ဆို ကျွန်မ မလုပ်နိုင်ဆုံးအလုပ်ပဲလို့ ကျွန်မထင်တယ်။ ကျွန်မကြောင့် သူ အလုပ်ပျက်သွားမှာ အရမ်းကြောက်တယ်လေ။ ကျွန်မကြောင့် သူ့ အနာဂတ် ထိခိုက်သွားမှာ ကို အရမ်းကြောက်တယ်လေ။ ကျွန်မကြောင့် သူတွေဝေနေရမှာ ကြောက်တယ်။ ကျွန်မ သူ့ အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူးလေ။ သူ့ အတွက် အားဆေးပဲ ဖြစ်ချင်ခဲ့မိတယ်။ သူ့ အတွက် သူ မောရင် ခိုးနားလို့ ရမဲ့ အရိပ်ကောင်းတဲ့ သစ်ပင်လေး ဖြစ်ချင်တယ်လေ။ သူမောရင် အမောပြေအောင် သောက်နိုင်မဲ့ေ၇လေးဖြစ်ချင်တယ်လေ။ သူ့ အတွက် အရာရာကို အေးချမ်းစေနိုင်မဲ့ သူ ဖြစ်ချင်မိတယ်။ တကယ်ပါ သူ မရှိရင် တကယ် မဖြစ်တော့သလို ပါပဲ။ သူ့ အပေါ် အမြဲ နားလည် နိုင်အောင် ကြိုးစားသွားမယ်၊ သူ့ အတွက် အမြဲ ရှင်သန် သွားချင် မိတယ်၊ သူ့ အတွက် ပေးဆပ် ချင်တယ်။ သူ့ အတွက်.............................အရာရာဟာ........သူ့ အတွက်ပါပဲ။.............................................................

Wednesday, November 18, 2009

19.11.2009

ခေါင်းအုံး နဲ့ ထိရင် အမြဲ အိပ်ပျော် တတ်ခဲ့တဲ့ ကျွန်မ အခုတော့ သူ့ အကြောင်းလေးတွေ တွေးရင်းနဲ့ အိပ်ဖို့ တောင် မစဉ်းစား အားဘူးလေ။ ညအိပ်ရေးပျက် ရင် အလုပ်ခွင်မှာရော ဘာမှ မလုပ်နိုင်ပေမယ့် သူ့ ကြောင့် အရင်ထက် ပိုလုပ် ဖြစ်နေတယ်လေ(အချစ်စွမ်းအားကြောင့်ပါ) ။ အိမ်မှာ ကြမ်းတမ်း တာတို့ ဟင်း ကူချက်တာတွေ လုပ်နေရင်လည်း အလိုလို သူ့ အကြောင်း တွေးပြီး ပြုံးနေတတ်တယ်လေ။ အိမ်က အဒေါ်ကလည်း ငါ့သမီး ဘာလို့ အခုတလော ပြုံးစိပြုံးစိ ဖြစ်နေသလဲ ဆိုပြီး စစ်ဆေးရေးတွေ လုပ်ခံနေရ တယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ အကြောင်းလေး တွေးနေရရင် ပျော်နေတတ် တယ်လေ။ သူနဲ့ စကားပြောခွင့်ရတဲ့ အချိန်တွေကို ဘာနဲ့ မှ မလဲနိုင်ဘူးလေ။ မနက်မိုးလင်းတာနဲ့ ဆုတောင်းပြီဆို သူ့ အတွက် ဆုတောင်းပေးဖို့ အမြဲအလိုလို ရောက်သွားတတ်တဲ့ ဆုတောင်းချက်လေးတွေ၊ ညအိပ်ဖို့ ဆုတောင်း ရင် သူ့ အတွက်ဆုတောင်းဖို့ မမေ့တတ်တဲ့ ဆုတောင်းချက်လေးတွေ၊ စိတ်က ထိန်းချုပ် ရအခက်ဆုံးမှာ ပါတယ်ဆိုတာ လက်ခံနေရပြီလေ။ လူတစ်ယောက်ကို ချစ်မိပြီဆို ကိုယ့်ဘက်က အရာရာဆုံးရှူုံးပြီးတာ ပဲ ဆိုတာ သိနေပေမယ့် အဲဒီ ဆုံးရှုံးမှုလေးကို ကျေနပ်နေတတ် တယ်လေ။ စာရေးဆရာမ ဂျူး ရေးခဲ့တဲ့ စာသားလေးကို သတိရမိတယ်။ မိန်းခလေးအတွက် အချစ်ဆိုတာ သူ တို့ ရဲ့ ဘ၀ပဲတဲ့။ မိန်းခလေးတွေက ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံဖို့၊ ပေးဆပ်ဖို့ ပဲ အမြဲ တွေးတတ်တဲ့သူတွေ တဲ့။ အဲဒီလို ခံစားတတ်တဲ့  မိန်းခလေးတွေရဲ့ စိတ်ကို မြင့်မြတ်တယ်လို့ မဆိုနိုင်ပေမယ့် ညံတယ်လို့ လဲ ပြောလို့ မရဘူးတဲ့။ အခုမှ အဲဒီစာသား က ကျွန်မကို ပြောနေမှန်း ခံစားမိတော့တယ်။ သူ့ အပေါ် ကျွန်မ ခံစားမိတဲ့အချစ်က သူများလို ပေးဆပ်မဲ့အချစ်၊စွန့်လွှတ်တဲ့ အချစ်၊ ရယူမဲ့အချစ်လို့  နာမည်တပ်လို့ မရဘူး။ သူ့ ကိုချစ်နေရရုံ သူ့ အတွက်ပေးဆပ်နေရရုံ ၊ သူ စိတ်ချမ်းသာတာပဲမြင်ချင်တယ် ၊ သူ ပျော်နေရင်ကျေနပ်နေတတ်တယ်၊ သူ့ အတွက် ခက်ခဲစေမဲ့ အရာကို ဘယ်တော့မှ မလုပ်ချင်ဘူး၊ သူ့ အတွက် ကိုယ့်က ၀န်ထုပ်ဝန်ပိုးဖြစ်မှာ အရမ်းကြောက်တယ်လေ။ သူ့ ကို ချစ်ခဲ့မိတဲ့ အချစ် ကိုတော့ ခေါင်းစဉ်တတ်ပြီး မပြောတတ်တာ အမှန်ပါပဲ။ သူ့ ကြောင့် အရင်က မခံစားဖူးတဲ့ ခံစားချက်လေးတွေ ကို ရရှိခဲ့တယ်လေ။ သူ့ ကိုတော့ အမြဲကျေးဇူးနေရတော့မယ်။ အရင်က ကိုယ့် ကို propose လာလုပ်တဲ့သူတွေ စာတွေ လိုက်ပေးရင် ကောင်းကောင်းကို ဟားပေးတတ် တယ်လေ။ သူတို့ ရဲ့ ခံစားချက်ကို နားလည်ဖို့ နေနေသာသာ သူတို့ ရဲ့စာကိုတောင် သူ တို့ ရှေ့ မှာ စုတ်ပြတ်တတ် တယ်လေ။ ကိုယ့်ရှေ့ မှာ ဒူးထောက်ဖူးတဲ့ ယောက်ျားတောင် ရှိခဲ့ဖူးတယ်လေ။ ကျွန်မရဲ့ သူငယ်ချင်း အချို့ က နင်တော်တော်ရက်စက်တဲ့ မိန်းခလေး ပဲတဲ့။ သူတို့ ရဲ့ ခံစားချက်ကို နည်းနည်းပါးပါးတော့ ငဲ့ညှာပေးသင့်တာ ပေါ့တဲ့ ။ မရည်ရွယ်ဘူး ဖြစ်သွားရတဲ့ ရက်စက်မှုအတွက် လည်း ဘယ်တော့မှ နောင်တရမှ မဟုတ်ဘူးလို့ အမြဲတွေး ခဲ့တယ်။ သူငယ်ချင်းတွေကိုတောင် ပြန်ပြောလိုက်သေးတယ် ငါရက်စက်တတ်မှန်း သိရက်နဲ့ ဘာလို့ ငါ့ကို လိုက်ကြိုက်နေသေးလဲလို့ လေ။ နောက်ပိုင်း ကိုယ်ကိုယ်တိုင်လည်း အချစ်နဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ဆုံးဖြတ်လိုက်တယ်။ လူတွေက ကိုယ့်အချစ်ကို မရှာနဲ့ သူ့ အချစ်ကို ရှာရတယ်ဆိုပြီ ပြောကြပေမယ့် ကျွန်မအနေနဲ့ အဲဒီအရာကို သိပ်လက်မခံချင်ခဲ့ဘူး။ ကိုယ်မချစ်ပဲနဲ့ ဘယ်လို တွဲမလဲဆိုပြီးတော့ အမြဲစဉ်းစားမိခဲ့တယ်။ တော်ရုံတန်ရုံ လူတွေနဲ့ဆို လက်ဆွဲနှုတ်ဆက်တတ်တာ မဟုတ်ဘူးလေ။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို ကျွန်မကို အမြဲပြန်ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။ ကျွန်မက မာန အရမ်းကြီး တယ်လေ ။ UCF မှာစပါဝင်တော့ Senior အစ်မကြီး၊ အစ်ကိုကြီးတွေက လာနှုတ်ဆက်တယ်လေ။ ကျွန်မဘက်က လက်တစ်ခါမှ မကမ်းပေးဘူး( လက်ဆွဲနှုတ်ဆက်ဖို့ )။ ကျွန်မ သူငယ်ချင်းက သူ ကျွန်မ ကိုလက်ဆွဲ နှုတ်ဆက်ဖို့ လက်ကမ်းလာတော့ ကျွန်မ ပြန်လက်ဆွဲဖို့ တွန့် တို နေတယ်လေ။ သူ က သည်းမခံနိုင်တော့လို့ နေမှာ ကျွန်တော် ဆယ်ထိရေ မယ်တဲ့ တကယ်လို့ ဆယ်ထိ ရေလို့ နင်ငါ့ကိုမနှုတ်ဆက်ဘူးဆိုရင် .......................ဆိုပြီးသူက စကားပြတ် သွားတယ်လေ။ သူ ကိုးထိရေမှ ကျွန်မက သူ့ ကို လက်ဆွဲ နှုတ်ဆက်ခဲ့တယ်လေ။ လူအများကြီးရှေ့ မှာ သူ ကျွန်မကို လက်ကမ်းပေးတာ ကျွန်မ သူ့ ကိုလက်ဆွဲ မနှုတ်ဆက်ရင် သူ ရှက်သွားလိမ့်မယ်ဆိုတာ ကျွန်မ မတွေးမိခဲ့ဖူးလေ။ ကျွန်မ ကရှက်တာပဲသိတော့။ သူများလာနှုတ်ဆက်တာ မနှုတ်ဆက်ရဲ ခဲ့ဖူးလေ။ အခုကတော့ သူတို့ နဲ့ က အချစ်ဆုံးသူငယ်ချင်းတွေ လို ဖြစ်နေပြီလေ။ သူ ကျွန်မကို အမြဲ ပြန်ပြောတယ်လေ နင်အဲဒီချိန်မှာ ငါ့ကိုလက်ပြန်မဆွဲခဲ့ရင် သူကျွန်မကို ဘယ်တော့မှ ခေါ်မိတော့မှာ မဟုတ်ဘူးတဲ့လေ။ ဒါတောင် အချင်းချင်း UCF ညီအစ်ကို မောင်နှမ ကို လက်ဆွဲနှုတ်ဆက်ဖို့ ခက်ခဲခဲ့တဲ့ကျွန်မ အတွက်တော့ ကိုယ့်မချစ်တဲ့သူနဲ့ (ကိုယ့်ကိုယ်ချစ်တဲ့သူနဲ့) လက်တွဲဖို့ ဆိုတာ မတွေးရက်ဘူး။ မစဉ်းစားရက်ခဲ့ဖူးလေ။ ဒါကြောင့်
ကျွန်မက ကျွန်မ ချစ်တဲ့သူ ကိုပဲရှာနေမိတယ်လေ။ စိတ်ကူးယဉ်ဆန် တယ်ပဲပြောပြော ကျွန်မ ချစ်တဲ့သူ ကိုတွေ့ ပြီဆို သူ့ အတွက်အမြဲပေးဆပ် ပြီး ချစ်မယ်လို့အမြဲတွေး နေခဲ့မိတယ်။ ကျွန်မ သူငယ်ချင်းတွေက တော့ အမြဲ ဟိုတစ်ယောက်နဲ့ စပ်ပေးလိုက် ဒီတစ်ယောက်နဲ့ စပ်ပေးလိုက်နဲ့ ကျွန်မအတွက် ကြိုးစား ပေးကြတယ်လေ။ သူတို့ အဲလို လုပ်ပေးနေတာ တွေ့ ရင်ကျွန်မ အရမ်းရယ်ချင်ခဲ့တယ်လေ။ ကျွန်မက ကျွန်မ ချစ်တဲ့သူ ကို စောင့်နေတာလို့ ပြောလိုက်တိုင်း အားလုံးက နင်ချစ်တဲ့သူ က ကိုးရီးယားမင်းသားတွေပဲ ရှိတာလေ ဖို့ နေနေသာသာ ကျွန်မ ကြိုက်တဲ့ ကိုးရီးယားမင်းသား အကြောင်းလောက်ပဲ ပြောတာဆိုတော့ သူတို့ က ကျွန်မ ကြိုက်တဲ့သူဆို ကိုးရီးယားမင်းသား ပဲရှိတယ်လို့ ထင်မိကြတယ်လေ။ သူတို့ လည်းထင်ချင် လောက်တဲ့ အထိ အချစ်နဲ့ ကင်းကင်း နေခဲ့တယ်လေ။ ကျွန်မ သူငယ်ချင်းအများဆုံးကတော့ Final သမားတွေ များတော့ နောက်ဆုံး အော်တို ရေးပေးရင်တောင် အချစ်အကြောင်း အရမ်းမစဉ်းစားနဲ့ ၊ ဘေးနားက ယောက်ျားလေးတွေလည်း ယောက်ျားလေး တွေပါ တဲ့။ မင်းသားပုံစံ ပဲရှာနေတဲ့ သူငယ်ချင်းရေတဲ့ ဘေးက ယောက်ျားလေးတွလည်း ယောက်ျားလေးတွေမှန်း မမေ့ပါနဲ့တဲ့လေ။ သင်တန်း တွေ ဘယ်လောက်တက်တက် ကျွန်မနဲ့ တွဲခဲ့တဲ့သူငယ်ချင်းတွေ တောင် အတွဲရကုန်ကြပေမယ့် အမြဲ ကျွန်မ အမြဲကျန်တော့ သူတို့ က ကျွန်မကိုယ်စား စဉ်းစား ပေးခဲ့ကြတယ်လေ။ ကျွန်မ ကတော့ ကျွန်မ ချစ်တဲ့သူ ကို ရှာဖို့ ပဲစဉ်းစားနေမိတယ်လေ။ သူငယ်ချင်းတစ်ယောက် ကို ကျွန်မအဲလို ပြောတိုင်း နင်ကလေတဲ့ နင်ချစ်တဲ့ သူနဲ့နင်တွေ့ ခဲ့မယ် နင်ပဲပေးဆပ်ဖို့ စဉ်းစားနေမယ်ဆို ကျွန်မကို အပျိုမကြီးပဲ လုပ်ပါတယ်။ ယောက်ျားလေးတွေ အကြောင်း နင်မသိတော့ အမြဲ အဲလိုပဲ နင်စဉ်းစားနေတာတဲ့လေ။ ပေးဆပ်နေရတဲ့အချစ်ဆိုတာ ဘယ်လောက်ပင်ပန်းလည်းဆိုတာ နင်မသိလို့ တဲ့လေ။ နင်က ပေးဆပ်မယ်ပဲထားအုံးတဲ့ နင်ချစ်တဲ့ကောင်လေး က နင်ရဲ့ ပေးဆပ်မှုကို သိချင်မှ သိမှာပေါ့တဲ့ ။ ယောက်ျားလေးတွေက အရာအားလုံးကို ငြီးငွေ့ လွယ်တယ်တဲ့ ။ အဲဒီချိန်ကျရင် နင်ခံစားရမှာကို မကြည့်ရက်ဘူးတဲ့လေ။ ရေရှည် စဉ်းစားဖို့ ကျွန်မ သူငယ်ချင်းက ပြောရှာတယ်လေ။ ကျွန်မ ကတော့ သူငယ်ချင်း တွေ ဘယ်လိုပဲပြောပြော ကျွန်မ က ကိုယ့်ချစ်တဲ့သူ အတွက် ပေးဆပ်ပြီးချစ်နေရတာ ကို ပင်ပန်းတယ်လို့ မခံယူမိ ဘူးလေ။ ကြည်နူးစရာတစ်ခု အနေနဲ့ တောင် ခံစားမိသေးတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိမှာ။ သူ့ အတွက် ပေးဆပ်နေရလို့ လေ။ ကျွန်မ သူ့ ကိုချစ်မိလို့ နောင်တ ရစရာတစ်ခု ဖြစ်နေခဲ့ရင်တောင် ခံယူဖို့ အဆင်သင့်ပဲလေ။ ကျွန်မ အဲလို ပြန်ပြောလို့ ကျွန်မ ကို အချစ်ရူးလေး တဲ့လေ။ နင့်ကို ကြည့်ရင်းနဲ့ တောင် ရူးချင်တယ်တဲ့။ ကျွန်မကလည်း ပြန်ပြောလိုက်သေးတယ် နင်တို့ ငါ့ကို ချစ်တတ်မှန်း မသိ ခဲ့ဖူးလာလို့ လေ။ အဲချိန်ထိ ကျွန်မကို သတ္တိရှိရှိနဲ့ ချစ်ရက်တဲ့သူ မတွေ့ ခဲ့တာ အမှန်ပဲ။ ကျွန်မ ကိုချစ်ဖို့ ဆို အားလုံးကြောက်ကြမှန်း တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်လေ။ သြော်................အချစ်ဆိုတာ ချစ်ခွင့်ရှိမှ ချစ်ခွင့်ရကြတာပဲ ဆိုတာ သိလာခဲ့တယ်။ ကိုယ်က အရမ်းချစ်ချင်တယ် ဒါပေမယ့် ခံစားချက်တွေက ဖြစ်ပေါ်မလာရင် အချစ်ယောင်ဆောင်တဲ့ခံစားမှုမျိုးနဲ့ တိုးနိုင်တယ်လေ။ ကျွန်မ အရမ်းကြောက်တာက အချစ်ယောင်ဆောင်ပြီးရောက်လာတတ်တဲ့ ခံစားချက်မျိုးနဲ့ တိုးမှာပဲ။ ကိုယ်က ရက်စက်ခဲ့ဖူးတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ထားခဲ့မှာ အရမ်းကြောက်တယ်လေ။ ဒါကြောင့်အမြဲ ဆုတောင်းနေမိတယ်။ သူ့ အချစ်နဲ့ ပဲ အသက် ဆက်ချင်ပါတယ်လို့ လေ။ သူ့ အချစ်က ကိုယ့်အတွက် ပြည့်စုံနေသလို ခံစားနေမိသလို အမြဲအဲလို ခံစားနိုင်ဖို့ .................................ဆုတောင်းနေမိတယ်။ ဖန်းတီးယူလို့ မရတဲ့ ခံစားချက်မျိုး ၊ ဖျောက်ဖျက်လို့ မရတဲ့ ခံစားချက်မျိုး......................နဲ့ သူ့ ကိုကျွန်မ ချစ်တယ်လေ။ အဲဒီ ခံစားချက်တွေ ဟာ အရူးတစ်ယောက်ရဲ့ ခံစားချက်နဲ့ (စိတ္တဇနဲ့ တူတဲ့ခံစားချက်မျိုးနဲ့) တူတယ်လို့ ပြောရင်တောင် ကျွန်မ ခံဖို့ အဆင့်သင့် ပဲလေ။ သူ့ ကြောင့် အချစ်ရူးလေး ဖြစ်ရတာ ကျွန်မ အတွက်တော့ ဂုဏ်ယူစရာ တစ်ခုလို့ ထင်နေမိတယ်လေ။ .............သူ့ ကို သတိရတဲ့စိတ်ကိုလည်း ထိန်းချုပ်လို့ မရသလို..........................သူ့ အကြောင်းပဲအချိန်တိုင်း တွေးနေမိတော့တယ်။.................................................................သူ့ ရဲ့ အချစ်တွေဟာ
ကျွန်မ အတွက်တော့ ဘ၀မှာ အသစ်တစ်ဖန် ...............................ရှင်သန်ခြင်းလို ပါပဲ။။။။။။။။။။။။။။။။။။။။။။။။။
ဒီပုံလေးကတော့ အစ်ကို လတ်ဘွဲ့ ယူတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ ဒီဝတ်စုံဝတ်လို့  အားလုံးဝိုင်းရယ်ခံခဲ့ဖူးတယ်။ (၀တ်ဆက်ဝတ်လေ့မရှိလို့ ပါ)

Tuesday, November 17, 2009

ဒီပုံလေးကတော့ မေဂျာ က Final သူငယ်ချင်းများနှင့် ပြင်ဦးလွင် excution အမှတ်တရ ရိုက်ထားတဲ့ပုံပါ
ဒါကတော့ 2008 SCM workcamp အပြန် သူငယ်ချင်းများနှင့် အမှတ်တရရိုက်ထားတဲ့ပုံလေးပါ။
မေဂျာလိုက် Bagan ကို excution ထွက်တုန်းက အမှတ်တရ ရိုက်ခဲ့တဲ့ ပုံပါ။

ပုံလေးပါ


ဒီပုံလေးကတော့ နာဂစ်ဖြစ်တုန်း ရန်ပုံငွေ ရှာဖို့ သီချင်းသွားဆိုတဲ့ အချိန် အမှတ်တရ ရိုက်ထားတာပါ။

18 .11.2009

ဒီရက်နဲ့ ဆို သူရဲ့ စာလည်းမရ သလိုသူ နဲ့ လည်း အွန်လိုင်းမှာမတွေ့ ဖြစ်တာ (၄) ရက်ရှိပြီလေ။ သူ အလုပ်မအားလို့ ပဲနေမှာလို့ အမြဲ ကိုယ့်ကိုယ်ကို အားတင်းပြီး စိတ်ဖြေနေရပေမယ့် သူ့ ကိုလွမ်းတဲ့ စိတ်ကို ဘယ်လို မှ ထိန်းချုပ်လို့ မရ ဘူးဖြစ်နေတယ်လေ။ ပြောပိုင်ခွင့်ရှိခဲ့တယ်ဆိုလည်း မပြောရက်လောက်အောင် သူ့ ကို ချစ်နေမိတယ်လေ။ သူ ကိုယ့်နားရှိရင် ဆိုတဲ့ အတွေးလေး တစ်ချက် ၀င်လာရုံတောင် စိတ်က အလိုလို ကြည်နူးနေတတ်တယ်လေ။ အချစ်ကြောင့် ကိုယ့်ကိုယ်တောင် ရူးပြီလာလို့ ထင်မိတယ်။ သူ့ ကို အမြဲ သတိရနေတတ်တဲ့ ကိုယ့်စိတ်ကို လည်း ဘယ်လို လုပ်ရမှန်းမသိဘူး။ သူနဲ့ အွန်လိုင်းမှာ မတွေ့ တဲ့ရက်တွေ သူ့ စာမတွေ့ တဲ့ ရက်တွေ ကိုယ့်အတွက် နေလို့ လုံးဝ မကောင်းဘူးဖြစ်နေတယ်လေ။ သူ့ ကို လွမ်းစိတ်နဲ့ ကြာလာရင်ရူးမယ်ထင်တာပါပဲ။အရမ်းသတိရတယ်ကွာ
ဘယ်ကို ရောက်နေလဲ ကိုနောင်းနောင်ရေ..........................................................
ဒီ blog လေးဟာ မင်းလေးအတွက်ပဲ သီးသန့် ရည်ရွယ်တာပါ။