အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Wednesday, November 18, 2009

19.11.2009

ခေါင်းအုံး နဲ့ ထိရင် အမြဲ အိပ်ပျော် တတ်ခဲ့တဲ့ ကျွန်မ အခုတော့ သူ့ အကြောင်းလေးတွေ တွေးရင်းနဲ့ အိပ်ဖို့ တောင် မစဉ်းစား အားဘူးလေ။ ညအိပ်ရေးပျက် ရင် အလုပ်ခွင်မှာရော ဘာမှ မလုပ်နိုင်ပေမယ့် သူ့ ကြောင့် အရင်ထက် ပိုလုပ် ဖြစ်နေတယ်လေ(အချစ်စွမ်းအားကြောင့်ပါ) ။ အိမ်မှာ ကြမ်းတမ်း တာတို့ ဟင်း ကူချက်တာတွေ လုပ်နေရင်လည်း အလိုလို သူ့ အကြောင်း တွေးပြီး ပြုံးနေတတ်တယ်လေ။ အိမ်က အဒေါ်ကလည်း ငါ့သမီး ဘာလို့ အခုတလော ပြုံးစိပြုံးစိ ဖြစ်နေသလဲ ဆိုပြီး စစ်ဆေးရေးတွေ လုပ်ခံနေရ တယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ အကြောင်းလေး တွေးနေရရင် ပျော်နေတတ် တယ်လေ။ သူနဲ့ စကားပြောခွင့်ရတဲ့ အချိန်တွေကို ဘာနဲ့ မှ မလဲနိုင်ဘူးလေ။ မနက်မိုးလင်းတာနဲ့ ဆုတောင်းပြီဆို သူ့ အတွက် ဆုတောင်းပေးဖို့ အမြဲအလိုလို ရောက်သွားတတ်တဲ့ ဆုတောင်းချက်လေးတွေ၊ ညအိပ်ဖို့ ဆုတောင်း ရင် သူ့ အတွက်ဆုတောင်းဖို့ မမေ့တတ်တဲ့ ဆုတောင်းချက်လေးတွေ၊ စိတ်က ထိန်းချုပ် ရအခက်ဆုံးမှာ ပါတယ်ဆိုတာ လက်ခံနေရပြီလေ။ လူတစ်ယောက်ကို ချစ်မိပြီဆို ကိုယ့်ဘက်က အရာရာဆုံးရှူုံးပြီးတာ ပဲ ဆိုတာ သိနေပေမယ့် အဲဒီ ဆုံးရှုံးမှုလေးကို ကျေနပ်နေတတ် တယ်လေ။ စာရေးဆရာမ ဂျူး ရေးခဲ့တဲ့ စာသားလေးကို သတိရမိတယ်။ မိန်းခလေးအတွက် အချစ်ဆိုတာ သူ တို့ ရဲ့ ဘ၀ပဲတဲ့။ မိန်းခလေးတွေက ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံဖို့၊ ပေးဆပ်ဖို့ ပဲ အမြဲ တွေးတတ်တဲ့သူတွေ တဲ့။ အဲဒီလို ခံစားတတ်တဲ့  မိန်းခလေးတွေရဲ့ စိတ်ကို မြင့်မြတ်တယ်လို့ မဆိုနိုင်ပေမယ့် ညံတယ်လို့ လဲ ပြောလို့ မရဘူးတဲ့။ အခုမှ အဲဒီစာသား က ကျွန်မကို ပြောနေမှန်း ခံစားမိတော့တယ်။ သူ့ အပေါ် ကျွန်မ ခံစားမိတဲ့အချစ်က သူများလို ပေးဆပ်မဲ့အချစ်၊စွန့်လွှတ်တဲ့ အချစ်၊ ရယူမဲ့အချစ်လို့  နာမည်တပ်လို့ မရဘူး။ သူ့ ကိုချစ်နေရရုံ သူ့ အတွက်ပေးဆပ်နေရရုံ ၊ သူ စိတ်ချမ်းသာတာပဲမြင်ချင်တယ် ၊ သူ ပျော်နေရင်ကျေနပ်နေတတ်တယ်၊ သူ့ အတွက် ခက်ခဲစေမဲ့ အရာကို ဘယ်တော့မှ မလုပ်ချင်ဘူး၊ သူ့ အတွက် ကိုယ့်က ၀န်ထုပ်ဝန်ပိုးဖြစ်မှာ အရမ်းကြောက်တယ်လေ။ သူ့ ကို ချစ်ခဲ့မိတဲ့ အချစ် ကိုတော့ ခေါင်းစဉ်တတ်ပြီး မပြောတတ်တာ အမှန်ပါပဲ။ သူ့ ကြောင့် အရင်က မခံစားဖူးတဲ့ ခံစားချက်လေးတွေ ကို ရရှိခဲ့တယ်လေ။ သူ့ ကိုတော့ အမြဲကျေးဇူးနေရတော့မယ်။ အရင်က ကိုယ့် ကို propose လာလုပ်တဲ့သူတွေ စာတွေ လိုက်ပေးရင် ကောင်းကောင်းကို ဟားပေးတတ် တယ်လေ။ သူတို့ ရဲ့ ခံစားချက်ကို နားလည်ဖို့ နေနေသာသာ သူတို့ ရဲ့စာကိုတောင် သူ တို့ ရှေ့ မှာ စုတ်ပြတ်တတ် တယ်လေ။ ကိုယ့်ရှေ့ မှာ ဒူးထောက်ဖူးတဲ့ ယောက်ျားတောင် ရှိခဲ့ဖူးတယ်လေ။ ကျွန်မရဲ့ သူငယ်ချင်း အချို့ က နင်တော်တော်ရက်စက်တဲ့ မိန်းခလေး ပဲတဲ့။ သူတို့ ရဲ့ ခံစားချက်ကို နည်းနည်းပါးပါးတော့ ငဲ့ညှာပေးသင့်တာ ပေါ့တဲ့ ။ မရည်ရွယ်ဘူး ဖြစ်သွားရတဲ့ ရက်စက်မှုအတွက် လည်း ဘယ်တော့မှ နောင်တရမှ မဟုတ်ဘူးလို့ အမြဲတွေး ခဲ့တယ်။ သူငယ်ချင်းတွေကိုတောင် ပြန်ပြောလိုက်သေးတယ် ငါရက်စက်တတ်မှန်း သိရက်နဲ့ ဘာလို့ ငါ့ကို လိုက်ကြိုက်နေသေးလဲလို့ လေ။ နောက်ပိုင်း ကိုယ်ကိုယ်တိုင်လည်း အချစ်နဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ဆုံးဖြတ်လိုက်တယ်။ လူတွေက ကိုယ့်အချစ်ကို မရှာနဲ့ သူ့ အချစ်ကို ရှာရတယ်ဆိုပြီ ပြောကြပေမယ့် ကျွန်မအနေနဲ့ အဲဒီအရာကို သိပ်လက်မခံချင်ခဲ့ဘူး။ ကိုယ်မချစ်ပဲနဲ့ ဘယ်လို တွဲမလဲဆိုပြီးတော့ အမြဲစဉ်းစားမိခဲ့တယ်။ တော်ရုံတန်ရုံ လူတွေနဲ့ဆို လက်ဆွဲနှုတ်ဆက်တတ်တာ မဟုတ်ဘူးလေ။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို ကျွန်မကို အမြဲပြန်ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။ ကျွန်မက မာန အရမ်းကြီး တယ်လေ ။ UCF မှာစပါဝင်တော့ Senior အစ်မကြီး၊ အစ်ကိုကြီးတွေက လာနှုတ်ဆက်တယ်လေ။ ကျွန်မဘက်က လက်တစ်ခါမှ မကမ်းပေးဘူး( လက်ဆွဲနှုတ်ဆက်ဖို့ )။ ကျွန်မ သူငယ်ချင်းက သူ ကျွန်မ ကိုလက်ဆွဲ နှုတ်ဆက်ဖို့ လက်ကမ်းလာတော့ ကျွန်မ ပြန်လက်ဆွဲဖို့ တွန့် တို နေတယ်လေ။ သူ က သည်းမခံနိုင်တော့လို့ နေမှာ ကျွန်တော် ဆယ်ထိရေ မယ်တဲ့ တကယ်လို့ ဆယ်ထိ ရေလို့ နင်ငါ့ကိုမနှုတ်ဆက်ဘူးဆိုရင် .......................ဆိုပြီးသူက စကားပြတ် သွားတယ်လေ။ သူ ကိုးထိရေမှ ကျွန်မက သူ့ ကို လက်ဆွဲ နှုတ်ဆက်ခဲ့တယ်လေ။ လူအများကြီးရှေ့ မှာ သူ ကျွန်မကို လက်ကမ်းပေးတာ ကျွန်မ သူ့ ကိုလက်ဆွဲ မနှုတ်ဆက်ရင် သူ ရှက်သွားလိမ့်မယ်ဆိုတာ ကျွန်မ မတွေးမိခဲ့ဖူးလေ။ ကျွန်မ ကရှက်တာပဲသိတော့။ သူများလာနှုတ်ဆက်တာ မနှုတ်ဆက်ရဲ ခဲ့ဖူးလေ။ အခုကတော့ သူတို့ နဲ့ က အချစ်ဆုံးသူငယ်ချင်းတွေ လို ဖြစ်နေပြီလေ။ သူ ကျွန်မကို အမြဲ ပြန်ပြောတယ်လေ နင်အဲဒီချိန်မှာ ငါ့ကိုလက်ပြန်မဆွဲခဲ့ရင် သူကျွန်မကို ဘယ်တော့မှ ခေါ်မိတော့မှာ မဟုတ်ဘူးတဲ့လေ။ ဒါတောင် အချင်းချင်း UCF ညီအစ်ကို မောင်နှမ ကို လက်ဆွဲနှုတ်ဆက်ဖို့ ခက်ခဲခဲ့တဲ့ကျွန်မ အတွက်တော့ ကိုယ့်မချစ်တဲ့သူနဲ့ (ကိုယ့်ကိုယ်ချစ်တဲ့သူနဲ့) လက်တွဲဖို့ ဆိုတာ မတွေးရက်ဘူး။ မစဉ်းစားရက်ခဲ့ဖူးလေ။ ဒါကြောင့်
ကျွန်မက ကျွန်မ ချစ်တဲ့သူ ကိုပဲရှာနေမိတယ်လေ။ စိတ်ကူးယဉ်ဆန် တယ်ပဲပြောပြော ကျွန်မ ချစ်တဲ့သူ ကိုတွေ့ ပြီဆို သူ့ အတွက်အမြဲပေးဆပ် ပြီး ချစ်မယ်လို့အမြဲတွေး နေခဲ့မိတယ်။ ကျွန်မ သူငယ်ချင်းတွေက တော့ အမြဲ ဟိုတစ်ယောက်နဲ့ စပ်ပေးလိုက် ဒီတစ်ယောက်နဲ့ စပ်ပေးလိုက်နဲ့ ကျွန်မအတွက် ကြိုးစား ပေးကြတယ်လေ။ သူတို့ အဲလို လုပ်ပေးနေတာ တွေ့ ရင်ကျွန်မ အရမ်းရယ်ချင်ခဲ့တယ်လေ။ ကျွန်မက ကျွန်မ ချစ်တဲ့သူ ကို စောင့်နေတာလို့ ပြောလိုက်တိုင်း အားလုံးက နင်ချစ်တဲ့သူ က ကိုးရီးယားမင်းသားတွေပဲ ရှိတာလေ ဖို့ နေနေသာသာ ကျွန်မ ကြိုက်တဲ့ ကိုးရီးယားမင်းသား အကြောင်းလောက်ပဲ ပြောတာဆိုတော့ သူတို့ က ကျွန်မ ကြိုက်တဲ့သူဆို ကိုးရီးယားမင်းသား ပဲရှိတယ်လို့ ထင်မိကြတယ်လေ။ သူတို့ လည်းထင်ချင် လောက်တဲ့ အထိ အချစ်နဲ့ ကင်းကင်း နေခဲ့တယ်လေ။ ကျွန်မ သူငယ်ချင်းအများဆုံးကတော့ Final သမားတွေ များတော့ နောက်ဆုံး အော်တို ရေးပေးရင်တောင် အချစ်အကြောင်း အရမ်းမစဉ်းစားနဲ့ ၊ ဘေးနားက ယောက်ျားလေးတွေလည်း ယောက်ျားလေး တွေပါ တဲ့။ မင်းသားပုံစံ ပဲရှာနေတဲ့ သူငယ်ချင်းရေတဲ့ ဘေးက ယောက်ျားလေးတွလည်း ယောက်ျားလေးတွေမှန်း မမေ့ပါနဲ့တဲ့လေ။ သင်တန်း တွေ ဘယ်လောက်တက်တက် ကျွန်မနဲ့ တွဲခဲ့တဲ့သူငယ်ချင်းတွေ တောင် အတွဲရကုန်ကြပေမယ့် အမြဲ ကျွန်မ အမြဲကျန်တော့ သူတို့ က ကျွန်မကိုယ်စား စဉ်းစား ပေးခဲ့ကြတယ်လေ။ ကျွန်မ ကတော့ ကျွန်မ ချစ်တဲ့သူ ကို ရှာဖို့ ပဲစဉ်းစားနေမိတယ်လေ။ သူငယ်ချင်းတစ်ယောက် ကို ကျွန်မအဲလို ပြောတိုင်း နင်ကလေတဲ့ နင်ချစ်တဲ့ သူနဲ့နင်တွေ့ ခဲ့မယ် နင်ပဲပေးဆပ်ဖို့ စဉ်းစားနေမယ်ဆို ကျွန်မကို အပျိုမကြီးပဲ လုပ်ပါတယ်။ ယောက်ျားလေးတွေ အကြောင်း နင်မသိတော့ အမြဲ အဲလိုပဲ နင်စဉ်းစားနေတာတဲ့လေ။ ပေးဆပ်နေရတဲ့အချစ်ဆိုတာ ဘယ်လောက်ပင်ပန်းလည်းဆိုတာ နင်မသိလို့ တဲ့လေ။ နင်က ပေးဆပ်မယ်ပဲထားအုံးတဲ့ နင်ချစ်တဲ့ကောင်လေး က နင်ရဲ့ ပေးဆပ်မှုကို သိချင်မှ သိမှာပေါ့တဲ့ ။ ယောက်ျားလေးတွေက အရာအားလုံးကို ငြီးငွေ့ လွယ်တယ်တဲ့ ။ အဲဒီချိန်ကျရင် နင်ခံစားရမှာကို မကြည့်ရက်ဘူးတဲ့လေ။ ရေရှည် စဉ်းစားဖို့ ကျွန်မ သူငယ်ချင်းက ပြောရှာတယ်လေ။ ကျွန်မ ကတော့ သူငယ်ချင်း တွေ ဘယ်လိုပဲပြောပြော ကျွန်မ က ကိုယ့်ချစ်တဲ့သူ အတွက် ပေးဆပ်ပြီးချစ်နေရတာ ကို ပင်ပန်းတယ်လို့ မခံယူမိ ဘူးလေ။ ကြည်နူးစရာတစ်ခု အနေနဲ့ တောင် ခံစားမိသေးတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိမှာ။ သူ့ အတွက် ပေးဆပ်နေရလို့ လေ။ ကျွန်မ သူ့ ကိုချစ်မိလို့ နောင်တ ရစရာတစ်ခု ဖြစ်နေခဲ့ရင်တောင် ခံယူဖို့ အဆင်သင့်ပဲလေ။ ကျွန်မ အဲလို ပြန်ပြောလို့ ကျွန်မ ကို အချစ်ရူးလေး တဲ့လေ။ နင့်ကို ကြည့်ရင်းနဲ့ တောင် ရူးချင်တယ်တဲ့။ ကျွန်မကလည်း ပြန်ပြောလိုက်သေးတယ် နင်တို့ ငါ့ကို ချစ်တတ်မှန်း မသိ ခဲ့ဖူးလာလို့ လေ။ အဲချိန်ထိ ကျွန်မကို သတ္တိရှိရှိနဲ့ ချစ်ရက်တဲ့သူ မတွေ့ ခဲ့တာ အမှန်ပဲ။ ကျွန်မ ကိုချစ်ဖို့ ဆို အားလုံးကြောက်ကြမှန်း တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်လေ။ သြော်................အချစ်ဆိုတာ ချစ်ခွင့်ရှိမှ ချစ်ခွင့်ရကြတာပဲ ဆိုတာ သိလာခဲ့တယ်။ ကိုယ်က အရမ်းချစ်ချင်တယ် ဒါပေမယ့် ခံစားချက်တွေက ဖြစ်ပေါ်မလာရင် အချစ်ယောင်ဆောင်တဲ့ခံစားမှုမျိုးနဲ့ တိုးနိုင်တယ်လေ။ ကျွန်မ အရမ်းကြောက်တာက အချစ်ယောင်ဆောင်ပြီးရောက်လာတတ်တဲ့ ခံစားချက်မျိုးနဲ့ တိုးမှာပဲ။ ကိုယ်က ရက်စက်ခဲ့ဖူးတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ထားခဲ့မှာ အရမ်းကြောက်တယ်လေ။ ဒါကြောင့်အမြဲ ဆုတောင်းနေမိတယ်။ သူ့ အချစ်နဲ့ ပဲ အသက် ဆက်ချင်ပါတယ်လို့ လေ။ သူ့ အချစ်က ကိုယ့်အတွက် ပြည့်စုံနေသလို ခံစားနေမိသလို အမြဲအဲလို ခံစားနိုင်ဖို့ .................................ဆုတောင်းနေမိတယ်။ ဖန်းတီးယူလို့ မရတဲ့ ခံစားချက်မျိုး ၊ ဖျောက်ဖျက်လို့ မရတဲ့ ခံစားချက်မျိုး......................နဲ့ သူ့ ကိုကျွန်မ ချစ်တယ်လေ။ အဲဒီ ခံစားချက်တွေ ဟာ အရူးတစ်ယောက်ရဲ့ ခံစားချက်နဲ့ (စိတ္တဇနဲ့ တူတဲ့ခံစားချက်မျိုးနဲ့) တူတယ်လို့ ပြောရင်တောင် ကျွန်မ ခံဖို့ အဆင့်သင့် ပဲလေ။ သူ့ ကြောင့် အချစ်ရူးလေး ဖြစ်ရတာ ကျွန်မ အတွက်တော့ ဂုဏ်ယူစရာ တစ်ခုလို့ ထင်နေမိတယ်လေ။ .............သူ့ ကို သတိရတဲ့စိတ်ကိုလည်း ထိန်းချုပ်လို့ မရသလို..........................သူ့ အကြောင်းပဲအချိန်တိုင်း တွေးနေမိတော့တယ်။.................................................................သူ့ ရဲ့ အချစ်တွေဟာ
ကျွန်မ အတွက်တော့ ဘ၀မှာ အသစ်တစ်ဖန် ...............................ရှင်သန်ခြင်းလို ပါပဲ။။။။။။။။။။။။။။။။။။။။။။။။။

No comments:

Post a Comment