အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း

ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Tuesday, November 17, 2009

18 .11.2009

ဒီရက်နဲ့ ဆို သူရဲ့ စာလည်းမရ သလိုသူ နဲ့ လည်း အွန်လိုင်းမှာမတွေ့ ဖြစ်တာ (၄) ရက်ရှိပြီလေ။ သူ အလုပ်မအားလို့ ပဲနေမှာလို့ အမြဲ ကိုယ့်ကိုယ်ကို အားတင်းပြီး စိတ်ဖြေနေရပေမယ့် သူ့ ကိုလွမ်းတဲ့ စိတ်ကို ဘယ်လို မှ ထိန်းချုပ်လို့ မရ ဘူးဖြစ်နေတယ်လေ။ ပြောပိုင်ခွင့်ရှိခဲ့တယ်ဆိုလည်း မပြောရက်လောက်အောင် သူ့ ကို ချစ်နေမိတယ်လေ။ သူ ကိုယ့်နားရှိရင် ဆိုတဲ့ အတွေးလေး တစ်ချက် ၀င်လာရုံတောင် စိတ်က အလိုလို ကြည်နူးနေတတ်တယ်လေ။ အချစ်ကြောင့် ကိုယ့်ကိုယ်တောင် ရူးပြီလာလို့ ထင်မိတယ်။ သူ့ ကို အမြဲ သတိရနေတတ်တဲ့ ကိုယ့်စိတ်ကို လည်း ဘယ်လို လုပ်ရမှန်းမသိဘူး။ သူနဲ့ အွန်လိုင်းမှာ မတွေ့ တဲ့ရက်တွေ သူ့ စာမတွေ့ တဲ့ ရက်တွေ ကိုယ့်အတွက် နေလို့ လုံးဝ မကောင်းဘူးဖြစ်နေတယ်လေ။ သူ့ ကို လွမ်းစိတ်နဲ့ ကြာလာရင်ရူးမယ်ထင်တာပါပဲ။အရမ်းသတိရတယ်ကွာ
ဘယ်ကို ရောက်နေလဲ ကိုနောင်းနောင်ရေ..........................................................

No comments:

Post a Comment