မလွယ်တဲ့ လမ်းတစ်ခု ကို ရွေးချယ် ပြီး လျှောက်ခဲ့တာ အခုဆို တစ်နှစ်တောင် ပြည့်ပြီး သွားခဲ့ပြီလေ။ သူနဲ့ က ခြောက်လပိုင်း ၂၁ ရက်နေ့ ကတည်းက အခုချိန် ထိ အပြင်မှာ မတွေ့ ဖြစ်ခဲ့ဘူး။ အဲလိုပဲသူ့ မွေးေ န့တုန်းကတော့ သတိတရ နဲ့ ဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။ အဲသည်ကတည်းက အခုချိန် ထိ သူ့ အသံ မကြားရတာ ကြာခဲ့ပြီ။ သူ နေဟော ကောင်းရဲ လာ မသိပါဘူး။ အလုပ်ဟော အဆင်ပြေ ရဲ လာ မသိဘူး။ သူ အ ခုဘယ် ရောက်နေ ပြီး ဘာတွေ လုပ်နေလဲ ဆိုတာလည်း မသိတော့ဘူး။ ဒီမနက် သူ့ အကြောင်းလေး လူတစ်ယောက်ကို ပြောပြ လိုက်လို့ လာ မသိဘူး ။ သူ့ကို အရမ်း သတိသွားရမိတယ်။ သူ နေနိုင်သူလေး..........။ ကိုယ့်ကို အကြာကြီးပဲ ပစ်ထားတယ်။ သူ မရှိရင် မဖြစ်ဘူး ဆိုတာ သူ မသိလေ သလာ မသိချင်ယောင်ဆောင်နေသလာ။ သူ နဲ့ တွေ့ နိုင်ဖို ကိုယ့်မှာ ကျိုင်းတုံ တောင် မပြန် ရဲ ခဲ့ဘူးလေ။ သူက ဒါတွေ ကိုမသိပါဘူး။ သူ့ အတွက် ကိုယ် ဘယ်လောက်ထိ စွန့် လွှတ် ထားလဲ ဆိုတာ သူမသိဘူး။ သူ့ ကိုဘယ်လောက်ထိ ချစ်လည်း ဆိုတာလည်း သူမသိဘူး။ အမှန်တော့ ကိုယ့်မှာ သူ့ အတွက် ထပ်စွန့် ဖို့ ဆိုရင် ကိုယ်ပိုင်ဆိုင်နေတဲ့ ကိုယ့်ရဲ့ အနာဂတ် တစ်ခုပဲ ကျန်တော့တယ်။ ဒါတွေ ကို သူမသိခဲ့လေသလာ။ သူ ဘယ်လောက်ထိ ကိုယ်နဲ့ ဝေးရာကို ရှောင်ပုန်း နိုင်မလဲ။ သူ ဘယ်လောက်ထိ ဆိုးနိုင်မလာ မသိတော့ပါ။ ဘာမှကို မသိတော့ပါ။ သူက နေနိုင်သူလေးဆိုတာ ကလွဲ ရင် တကယ် ဘာမှ သူနဲ့ ပတ်သက်ပြီး မသိတော့ပါ။ ထားလိုက်ပါ။ အားလုံး က ပြီးသွားမှာပါလို့  ဖြည့်တွေး ပြီး နေလိုက်ချင်ပေမယ့် မနေနိုင်ခဲ့ဘူးလေ..........သူက ကျွန်မ ရဲ့ ဘ၀ ကို ကိုင်လှုပ် ခဲ့တဲ့ သူပါ။
သူ့ ကြောင့်သာ သူ့ ကြောင့်သာ........အရာအားလုံးဟာ အဓိပယ် ပိုရှိသွားခဲ့တာလေ။ သူ့ ကြောင့်သာ ဘ၀ ရဲ့ အနှစ်သာရကိုပိုသိ မြင်ခဲ့တာလေ။ သူ့ ကိုလွယ်လွယ် နဲ့ မေ့ပစ် ဖို့ ဆို တာ ကျွန်မ အတွက် မဖြစ်နိုင်ဘူးလေ။
ကိုနောင်းနောင် ရေ မသိခဲ့လေသလာ။ ကိုနောင်းနောင် ညီမ ဘ၀အတွက်ဘယ်လောက်ထိ အရေးပါလဲ ဆိုတာ မသိခဲ့လေ သလာ။ ..............
အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း
ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Thursday, November 18, 2010
Subscribe to:
Posts (Atom)