အချစ် စိတ်ကြောင့် ရပ်တည်ခဲ့သော..........နေ့ ရက်များ အကြောင်း
ကျွန်မ က အရမ်းခံစားလွယ်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။
သူ့ အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတဲ့ blog ဆိုပေမယ့် ကျွန်မ ရဲ့ သူ့ အပေါ် လွမ်းခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို အဓိက ရေးချင်ရုံ ပါသက်သက်ပါ။ ကျွန်မရဲ့ ဒိုင်ယာရီမှတ်တမ်းလေးပေါ့။ တချိန်တုန်းက အချစ်ကို လှည့်စားဖူးခဲ့တယ် ရက်စက်ခဲ့ဖူးတယ်။ အချစ်ဆိုတဲ့ ခံစားချက်ကို ပေါ့ပေါ့ ပဲတွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ ကိုချစ်မိပြီး နောက်ပိုင်း အရာရာပြောင်းလဲ သွားခဲ့ပါတယ်။ သူ့ အတွက် ပဲပေးဆပ်ပြီး ချစ်ချင်တယ်။
သူ အွန်လိုင်း တက်လာမဲ့အချိန်ကို မျှော်နေမိတတ်နေခဲ့တယ်။
သူ နဲ့ အတူ ချက်ရတဲ့အချိန်တွေဆို ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့နေတတ်ခဲ့တယ်လေ။ ကိုယ့်ရဲ့ ကိစ္စာတွေတော့မပြောနဲ့ တော့ ...............အဲလောက်ထိ သူ့ အတွက်ပဲ ဖြစ်ချင်ခဲ့မိတယ်။
ငယ်ငယ်တုန်း က ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဘာလို့ အချစ်အောက်မှာ ဆုံးရှူံး ခံလည်းမသိဘူးဆိုပြီး သူတို့ ကိုယ်စား ကိုယ်သာ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မှာဆိုပြီး အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အချစ်နဲ့ ကိုယ်တိုင် တွေ့ ကြုံလိုက်ရမှ အချစ်ရဲ့ လေးနက်တဲ့ ခံစားချက်ကို သိမြင်လာခဲ့တယ်လေ။ သူ့ အချစ်က ကိုယ့်ကို အရာရာ ပြည့်စုံစေသလို ခံစားမိနေတယ်လေ။ အချစ်ဆိုတဲ့ ခံစားချက်က ဖန်တီးမရဘူး ဆိုတာ သူ့ ကိုချစ်မိမှန်း ပိုမှန်မှန်း သိလာတယ်။ မနက်မိုးလင်းတာနဲ့ သူ့ ကိုပဲ သတိရနေတတ်သလို နေ့ လည်း အားပြီးဆို သူ့ အကြောင်းပဲ တွေးနေမိတယ်။ ညဆိုလည်း အိပ်ပြီဆို သူ့ အကြောင်းလေးတွေးပြီး အိပ်ပျော်ရတာကို သဘောကျနေမိတယ်လေ။ သူ့ က ကိုယ့်ကို ကြွေအောင် ဘာမှ မလုပ်ခဲ့ပေမယ့် သူ့ အတွက် အရာရာပေးဆပ်ချင်မိတဲ့စိတ်က တားဆီးလို့ မရဘူးလေ။ 100% အပြည့်ပဲ။ သူ အွန်လိုင်းတက်မလာရင်တောင် သူမအားလို့ နေမှာပါလို့ အလိုလို နားလည်တတ်ခဲ့တဲ့ နှလုံးသားလေး...........................
သူ့ ကိုဒီချိန်လာခဲ့နော် လို့  ခေါ်ချင်ပေမယ့် သူ မအားမှာစိုးလို့ မခေါ်ရက်ခဲ့တဲ့ နှလုံးသားလေး.....................................
သူ နဲ့ တွေ့ နိုင်ဖို့ အွန်လိုင်း မှာပဲ အမြဲနေချင်နေခဲ့ တဲ့ နှလုံးသားလေး..............
သူ့ အတွက်ပဲ ပေးဆပ်ဖို့ စဉ်းစားနေမိတတ်တဲ့ နှလုံးသားလေး...........
သူမရှိလို့ မဖြစ်တဲ့ နှလုံးသားလေး.........................
သူ့ အတွက် အချိန်တိုင်း........................
သူ့ အတွက်......................................
သူ့ အတွက်.......................................
အရာအားလုံးဟာ...........................သူ့ အတွက် ပေးဆပ်သွားမယ်။.......

Monday, June 28, 2010
28.6.2010
စဉ်းစားလိုက်တော့ စာမရေးဖြစ်တာလည်း ကြာလာပြီ။ ကျိုင်းတုံ ပြန်နေတာနဲ့  ရန်ကုန် ပြန်ရောက်တော့လည်း လိုင်းမကောင်းတာနဲ့ blog ပိတ် ခံရတာနဲ့ စာတစ်လုံးမှာ မေ၇းဖြစ်ခဲ့ဘူး။ သူ့ ကိုလွမ်းတယ်။ ရေးချင်စိတ် ဖြစ်မိတယ် ဒါပေမယ့် ရေးဖို့ က လုံးဝ အဆင်မပြေဘူး ဖြစ်ခဲ့၇တယ်။ အခု သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီရက် ရေးဖို့ အဆင်ပြေလာတယ်လေ။ သူနဲ့ ကျိုင်းတုံ မပြန်ခင် ၁၉.5.2010 ရက်တုန်းက တွေ့ ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ အခုထိ အဆက်အသွယ်မ၇ှိပြန်ဘူး။ အဲဒီရက်ကတော့ တနေကုန်ပါပဲ။ သူနဲ့ တာမွေ မှာ ချိန်းနေ ကျ နေရာမှာ ချိန်းပြီး မနက် လက်ဖက်ရည် ထိုင်သောက် ဖြစ်တယ်။ ကျောင်းသွားတယ်။ ကျောင်း ကင်တင်း ထိုင်ဖြစ်တယ်။ ပြီးတော့ တာမွေ ပြန်လာပြီး နေ လည် စာစားဖြစ်တယ်။ ပြီးတော့ ယိမ်းနန် နဲ့ ချိန်း တာ သွားတွေ့ ဖြစ်တယ်။ ပြီးတော့ ရှေ့ ဆောင်မှာ the princess ကား သွား ကြည့်ဖြစ်တယ်။ တစ်ညလုံး စကားထိုင် ပြောဖြစ်တယ် ။ ည (၁၁) ခွဲလောက်မှ အိမ် ပြန်လာဖြစ်လို့ ကိုထွန်း နဲ့ တောင် အဆူခံထိတယ်။ ဟဲဟဲ.......သူတို့ က ည shopping ထွက်ဖို့ စောင့်နေတာတဲ့လေ။ အဲဒီအတွက် ကိုထွန်းကို တော်တော် အားနာ သွားမိတယ်။ဘာပဲဖြစ်ဖြစ် ပျော်မိတယ်လေ။ သူနဲ့ အတူ ဖြတ် သန်း ရတဲ့နေ့ တွေ ဆိုတော့လေ။ သူ က အလုပ်မအားတဲ့ ကြားကနေ လာတွေ့ ရတာလေ။ သူ့ ကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်မသိတဲ့ အသိုင်းအ၀ိုင်း ထဲမှာ ကိုယ်ရောက်သွားခဲ့ရပေမယ့် သူ အနားမှာ ရပ်တည်ေ ပးခဲ့လို့ လေ။ 21.6.2010 ရက် ညနေ ပိုင်းမှာ သူ့ ကို သူ့ တို့  အိမ်ရဲ့ မှတ်တိုင်နားမှာ တွေ့ ခဲ့ရတယ်။ မပေါက် တို့ အိမ် သွားဖို့ taxi စီးသွားရင် သူ့ တို့ အသင်းတိုက် မှတ်တိုင်ကို လှမ်း ကြည့်မိလို က်တာ သူနဲ့ မှ တိုး တယ်လေ။ ချိန်းထားရင်တောင် လွဲနိုင်တယ်လေ။ အဲဒီအတွက် ဘုရားကို ကျေးဇူး အရမ်း တင်မိတယ်။ သူက ပိုချောလာတယ်။ အသားပိုဖြူလာတယ်။ ပြီးတော့ ဆံပင် ညှပ်လိုက်လို့ ပိုသန့် လာတယ်လေ။ ဟဲဟဲ........စိတ်တောင် ပိုပူချင်လာတယ်လေ။ သူနဲ့ ခဏလေးသာ တွေ့ ခွင့်ရခဲ့ပေမယ့် ပျော်တယ်။ အားဆေး ကို သောက်လိုက်ရသလိုပါပဲ။ တညလုံးလည်းပျော်နေတာ။ အကြောင်းမဲ့လေ။ အင်း........အချစ်ကလည်းနော် စွမ်းပ။ သူ ကိုယ့်နားမှာ အမြဲ အဖော် မပြုနိုင်သလို ။တစ်လ တစ်ခေါက်တောင် ကိုယ့်ဆီ မလာနိုင်တဲ့ ချစ်သူလေ။ ဒါပေမယ့် သူ့ကို သံယောဇဉ် ရှီသလို ချစ်နေမိတယ်လေ။ သူ့ အတွက် ဆုတောင်းပေးနေမိတယ်လေ။ ဘာပဲဖြစ်ဖြစ် သူ့ ကို သတိယတယ်။ သူ့ ကိုလွမ်းတယ်။ သူ့ ရဲ့ ဂရုစိုက်ပေးတတ်မှုတွေ ။ သူ့ ရဲ့ အပြုံးတွေ ။ သူ့ ရဲ့ အပြောလေးတွေ အားလုံးကို လွမ်းနေမိတယ်လေ။ သူ လုပ်ချင်တာလုပ်ခွင့်ရဖို့ သူ့ အလုပ်အဆင်ပြေဖို့ ပဲ အမြဲ ဆုတောင်းပေး နေဖို့ ကလွဲရင် ကိုယ့်အနေနဲ့ သူ့ဘ၀ အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်လေ။ ဘာပဲဖြစ်ဖြစ် သူ့ ကို ကျေးဇူးတင်တယ်။ သူ့ ကြောင့်သာ အရာအားလုံးက ပြည့်စုံသွားသလို ခံစားခဲ့ရတာလေ။ သူ့ ကို သတိယနေမိတယ်။ သူ့ ကိုကျေးဇူးတင်နေမိတယ်။ ဝေးနေရပေမယ့် သူ့ ရဲ့ ကိုယ်သင်းရနံလေးတွေ ။ သူ့ရဲ့ အပြုံးလေးတွေ သူ့ ရဲ့ စကားသံလေးတွေ သူ့ ရဲ့ .......သူ့ ရဲ့ ....................အားရာအားလုံးက ကိုယ့်အပေါ် လွမ်းမိုး နေဆဲပဲလေ။ ဘာပဲဖြစ်ဖြစ် သူ အဆင် ပြေရင်ပြီးတာပါပဲ။
Sunday, June 6, 2010
7.6.2010
blog လေး မေ၇းဖြစ်တာလည်း ကြာသွားပြီ။ ခရီးလွန်နေတော့ ။ အဆင်မပြေခဲ့ဘူး။ blog ပေါ် ရောက်ဖို့ ပေါ့။ သူ့ ကို အချိန်တိုင်းလွမ်းနေခဲ့မိတယ်။ ကျွန်မ ခရီးမသွားခင် 19.5.2010 ရက်မှာ သူနဲ့ကျွန်မ နဲ့ တွေ့ ခဲ့ကြတယ်။ အဲဒီ ရှေ့ ညတုန်းက တော့သူ က ကျွန်မ ကို အွန်လိုင်း မှာ ထိုင်စောင့်နေခဲ့တယ်လေ။ ရယ်ရတယ်။ အဲဒီည မှာပဲ ကျွန်မက shopping ထွက်လို့ ကောင်းနေတော့ နောက်ကျ မှ အွန်လိုင်းကို ရောက်ခဲ့တယ်။ ကျွန်မ ကိုထိုင်စောင့် နေရလို့ သူက ညစာတောင် မစားနိုင်ရှာဘူးလေ။ တစ်ခါတစ်လေ တွေးခဲ့မိပါတယ်။ တစ်ခါတစ်လေ သူလည်း ကျွန်မကို အခုလို စောင့်နေချင်ခဲ့မိတယ်လေ။ သူလည်း ကျွန်မ ကြောင့် ဒုက္ခတွေ ရောက်စေ ချင်မိတယ်။ ကျွန်မ ကြောင့် သူ့ အမြဲ စိတ်ပူစေချင်မိတယ်။ အဓိက ကတော့သူ့ ရဲ့ ဂရုတစိုက် ရှိမှုကိုလိုချင်မိတယ် လေ။ ဒါပေမယ့် အဆင် ပြေသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက် ဖြန် တွေ့ ကြမယ်လို့ ချိန်း ပြီး တွေ့ ခဲ့ကြပါတယ်။ အမြဲတမ်းတွေ့ နေကျ ဖြစ်တဲ့ တာမွေ မှာပဲ ဆုံ ပြီး ကျောင်းအတူတူ သွားခဲ့ကြတယ် ။ အဲလို ပဲ ကျောင်းကိစ္စ ပြီးတော့ canteen ခဏ ထိုင် ပြီး တာမွေ မှာပဲ ပြန်လာ ကြတယ်။ တာမွေ မှာေ န့ လည်စာ စားပြီး။ သူငယ်ချင်း ယိမ်းနန်ကိုစောင့်ခဲ့တယ်။ ယိမ်းနန်ကိစ္စ ပြီးတော့။ သူနဲ့ အတူ နေ ပြည်တော် မှာရုပ်ရှင် သွားကြည့်ခဲ့ကြတယ်။ ကံကောင်းတာလာ ကံဆိုးတာလာ တော့မသိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင် ရုံ အထွက်မှာ သူ့ ဆရာနဲ့ တဲ့တိုးတာပါပဲ။ မလွဲသာလို့ နှစ်ယောက်သား သူ့ ဆရာအိမ် လိုက်သွားခဲ့ရတယ်။ သူ အများကြီး သိတတ်ခဲ့ပါတယ်။ ကျွန်မ မသိတဲ့ အသိုင်းအ၀ိုင်းထဲမှာ ကျွန်မ ရောက်သွားတဲ့အချိန် သူ့ မျက်နှာ တစ်ခု ကြောင့်သာ ကျွန်မ လိုက်ခဲ့တာဆိုတော့ သူက အလိုက်တသိနဲ့ ကျွန်မ နားမှာထိုင်ပေးရှာတယ်လေ။ သူတော့မသိပေမယ့် ကျွန်မ အတွက် အားတစ်ခု အနေ နဲ့ ဖြစ်နေခဲ့တယ်။ သူ ကျွန်မနားမှာ ထိုင်ပေးနေတဲ့အတွက် ပေါ့။ နှစ်ယောက်သား ဆရာအိမ်က နေ taxi စီးပြီး မြေနီကုန်းကို ပြန်ခဲ့တယ်လေ။ ထုံးစံအတိုင်းပဲ မြေနီကုန်းရောက်တိုင်း ထိုင်နေကျ လက်ဖက်ရည်ဆိုင် လောကနတ်မှာ ထိုင်ရင်းနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်လေ။ ပျော်စရာ ရက်လေးတစ်ရက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ ရဲ့ မအားလပ် တဲ့  အချိန်ကို ကျွန်မ အတွက် တနေကုန် ဖဲ့ ပေးခဲ့တဲ့အတွက် သူ့ ကိုကျေးဇူးတင် နေမိတယ်လေ။ သူ့ ဘ၀အတွက်ကျွန်မ ကို မလိုအပ်ခဲ့ဖူး လို့ အမြဲ တွေးနေခဲ့မိတဲ့ အတွေးတွေ က အကုန် အဝေးကို လွင့်စင်ခဲ့ပါပြီ။ သူ့ ဘ၀ အတွက် ကျွန်မ ရှိနေ ရင် ဘယ်လို ပဲဖြစ်ဖြစ် သူ့ အနေ နဲ့ အားတစ်ခု ရှိနေလေ့မယ် လို့ ကျွန်မ မျှော်လင့်တယ်လေ။ သူ အခု စိတ်ရှုပ်နေတယ် ။ သူ အခု ဘ၀အတွက် ကြိုးစားနေတယ်။ သူ ထားရှိတဲ့ ရည်မှန်းချက်တွေ အတွက် သူ ကြိုးစားနေတဲ့ အချိန်လေ။ သူ့ မှာ အားပေးဖော်လိုနေတယ် နားလည် ပေးနိုင်မဲ့သူတွေ သူ့ နားမှာရှိနေဖို့ လိုနေတယ်လေ။ သူ့ အကြောင်းတွေ သိလေ သူ့ နားမှာ ပိုပြီးေ နချင်မိတယ်လေ။ သူ ပျော်ဖို့ သူ စိတ်ချမ်းသာဖို့ သူ လုပ်ချင်တာလုပ်ခွင့်ရတဲ့ ဘ၀ကို သူ ပိုင်ဆိုင်နိုင်ဖို့ က ကျွန်မအတွက် အရမ်း အရေးကြီးနေခဲ့တယ်လေ။ ဒါကြောင့်လဲ နေမှာ သူနဲ့ စပြီး ချစ်သူ ဖြစ်ကတည်းက အခုချိန်ထိ ကျွန်မ ရဲ့ ဆုတောင်းချက်မှာ သူ့ အတွက် အမြဲ ပါပါ ခဲ့သလို အခုထိလဲ ဆန်းသစ်နေဆဲပါပဲ။ အကျင့်တစ်ခု လို ဖြစ်နေခဲ့ပြီလေ။ သူ့ ကိုသတိယတယ်။ သူ ကြိုက်တတ်တဲ့ ခွေလေး တွေ ၀ယ်လာဖြစ်တယ်။ ကိုယ့်အနေ နဲ့ ယိုးဒယား သီချင်း ဆို ယောင်လို့ တောင် နားမထောင် ချင်ခဲ့ပေမယ့် သူ ကြိုက်တယ် ဆိုတော့ ကျွန်မ မှာ နားထောင်ပြီး ဘယ်သီချင်းပိုကောင်းလဲ ဆိုတာကို စိတ်ဝင်စားနေမိတယ်လေ။ ရယ်ရပါတယ်။ ကိုယ့်အဖြစ်ကလဲ။ သူက ကျွန်မကိုပြောတယ် အရာတစ်ခုခုကို crazy ဖြစ်နေတာမျိုး သူ လုံးဝ မကြိုက်ဘုးတဲ့လေ။ ကျွန်မကိုသူ့ ကိုပဲ စွဲလမ်း ပြီးနေမှာကိုသူ မကြိုက်ဘူး ဆိုတာ ကျွန်မ သိနေတယ်လေ။ သူ့ ကို ကျွန်မ ရူးသွပ်နေတာ မဟုတ်ခဲ့ပါဘူး။ သူ့ ကိုချစ်နေမိတဲ့ အချစ်ကို တန်ဘိုးထားနေခဲ့တာပါ။ အချစ်ကို ကျွန်မ ဘယ်တော့မှ မကိုးကွယ်ဘူး။ ဒါပေမယ့် အမြဲကိုယ်နဲ့ ထပ်တု တန်ဘိုးထားမှာပါ။ သူ့ ကို သ တိယ တယ်။ သူ နဲ့ လည်း တွေ့ ချင်တယ်။ ဒါပေမယ့် အခုထိ သူ နဲ့ အဆက်အသွယ် ပြန်မရသေးဘူး ဖြစ်နေတယ်လေ။ ဒါပေမယ့် ရပါတယ်လေ။ သူ က နိဂုံးကတည်းက အလုပ်က ခပ်များများဆိုတော့ နားလည် ပေးရမယ်လေ။ သူ့ ကိုချစ်တဲ့ အချစ်က ကိုယ့်ကိုယ်ပဲ ဂရုစိုက်ဖို့ ပဲ မှ မဟုတ်ခဲ့တာလေ။ ......ဒါကြောင့် သူ့ ဆီ က ဘာမှတော့ မျှော်လင့်မနေ ခဲ့ပါဘူး။ မျှော်လည်း မမျှော်လင့်ရဲ တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ သူ့ ကိုတော့ အမြဲ ကျေးဇူးတင်တယ်။ သူ့ ကြော င့်သာ ဘ၀ရဲ့ လေးနက်မှုကို ပိုပြီး သိမြင်ခွင့်ရခဲ့တယ်လေ။ သူ့ ကိုတော့ ကျေးဇူးတင်နေမိပါတယ်လေ.....................................................
Subscribe to:
Comments (Atom)